Connect with us

Hi, what are you looking for?

News

စိုင်ပြင်မြို့သို့ ထွက်လာသည့် စစ်ကောင်စီတပ်ကို စောင့်ကြိုတိုက်ခိုက်ရာ သေဆုံးမှုများပြားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုပြော

ဘုတလင်မြို့မှထွက်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရမှုကြောင့် စိုင်ပြင်မြို့မှတပ်ကူထွက်လာသော စစ်ကောင်စီတပ်ကို စိုင်ပြင်တောင်ဘက် နွားခြံအနီး ပဒေသာမိုင်း ၅ လုံးအပြင် လက်နက်များဖြင့် ပူးပေါင်းတိုက်ခိုက်ရာ ၂၀ဦးခန့် သေဆုံးသည်ဟု အသိပေးသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့မှ စိုင်ပြင်မြို့သို့ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ရာ စစ်ကောင်စီတပ်သားသေဆုံးမှုများပြားကြောင်း ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။

ယနေ့ (မေ ၂ ရက်)နေ့လယ်၂ နာရီခန့်ကစ၍ အင်အား ၅၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို
ဒေသခံမဟာမိတ်ညီနောင်များမှ လက်ပန်ရွာအနီးအရောက်တွင်ဆွဲမိုင်းတလုံးဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးသည်ဟု ဆိုသည်။

ထို့နောက် ဦးဥတ္တမလမ်းခွဲအရောက်တွင်မိုင်းသုံး လုံးအပါအဝင် (၄၀) မမနှင့်(၆၀) မမတို့ဖြင့်တိုက်ခိုက်ရာ စစ်သား ၁၀ဦး သေဆုံးပြီး အုတ်ဖိုရွာအနီးအရောက်တွင်လည်း စစ်ကောင်စီတပ်သား ငါးဦး ထပ်မံသေဆုံးသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဘုတလင်မြို့မှထွက်လာသည့် စစ်ကောင်စီတပ်တိုက်ခိုက်ခံရမှုကြောင့် စိုင်ပြင်မြို့မှတပ်ကူထွက်လာသော စစ်ကောင်စီတပ်ကို စိုင်ပြင်တောင်ဘက် နွားခြံအနီး ပဒေသာမိုင်း ၅ လုံးအပြင် လက်နက်များဖြင့် ပူးပေါင်းတိုက်ခိုက်ရာ ၂၀ဦးခန့် သေဆုံးသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

“ကျန်စခများကိုဆက်လက် အပြတ်ရှင်းတိုက်ဖို့ ည ၈ နာရီထိပြည်ချစ်စိတ်ဓာတ်အပြည့်နှင့်စိတ်အားထက်သန်စွာဆက်လက်အသင့်နေရာယူစောင့်ဆိုင်းကြဆဲဟုသိရပါတယ်”ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ပြောသည်။

ယနေ့ တိုက်ခိုက်မှုဖြစ်စဥ်များအနက် စစ်ကောင်စီတပ်မှ သေဆုံးသူ ၄၀ ဦးခန့်ရှိပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များ ထိခိုက်မှုမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်