Connect with us

Hi, what are you looking for?

News

ရဟတ်ယာဉ်အမှု တရားလို ကိုစတင်စစ်ဆေး

တရားလိုဖြစ်သူကို အပြန်အလှန်စစ်ဆေးဖို့အတွက် တရားရုံးက လာမယ့် ရက်သတ္တပတ်ရုံးချိန်းကို ချိန်းဆိုတယ်လို့သိရပါတယ်။

ရဟတ်ယာဉ်ဌားရမ်းဝယ်ယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု နဲ့ တရားစွဲတဲ့ တရားလိုကို ဒီနေ့မှာ စစ်ဆေးတယ်လို့သိရပါတယ်။

တရားလိုဟာစစ်ကောင်စီရဲ့အဂတိကော်မရှင်ကဖြစ်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။

တရားလိုဖြစ်သူကို အပြန်အလှန်စစ်ဆေးဖို့အတွက် တရားရုံးက လာမယ့် ရက်သတ္တပတ်ရုံးချိန်းကို ချိန်းဆိုတယ်လို့သိရပါတယ်။

NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ်အရေးတွေမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဌားရမ်းခဲ့တာရှိသလို နိုင်ငံပိုင် ရဟတ်ယာဉ်တစ်စီး ဝယ်ယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ရဟတ်ယာဉ် ဌားရမ်း၊ဝယ်ယူရာမှာ နိုင်ငံဘဏ္ဍာငွေထိခိုက်နစ်နာတာတွေရှိတယ်ဆိုပြီး သမ္မတဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိပုဒ်မနဲ့ စစ်ကောင်စီက တရားစွဲတာပါ။

တရားစွဲရာမှာ ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့တရားစွဲတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။

နိုင်ငံတကာ

လဆန်းပိုင်းတုန်းက အမေရိကန် သမ္မတ စီးတော် ရဟတ်ယာဉ်ဖြစ်တဲ့ Marine Oneက ခရီးသည်တင် ဂျက်လေယာဉ် တစ်စီးနဲ့ နီးနီးကပ်ကပ် ပျံသန်းမိခဲ့တဲ့ ဖြစ်စဉ်ဟာ ဆက်သွယ်ရေးဆိုင်ရာ လစ်ဟာမှု တစ်ခုကြောင့်လို့ စုံစမ်းရေး အရာရှိတွေက ပြောပါတယ်။

နိုင်ငံတကာ

လူနှစ်ဦး သေဆုံးခဲ့တဲ့ ပျက်ကျမှုတစ်ခုအပြီး အမေရိကန် ကြည်းတပ်ဟာ AH64 Apache တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အားလုံးရဲ့ လေ့ကျင့် ပျံသန်းမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့်ပေးခဲ့ပါတယ်။