Connect with us

Hi, what are you looking for?

News

မြိုင်တွင် ​လေးရက်ဆက်တိုက်ပွဲအတွင်း စစ်​ကောင်စီတပ်၁၂ဦး​ခန့်သေဟု မြိုင်မြို့နယ်ကျေးရွာများတော်လှန် ရေးတပ်ဦး​ပြော

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာ၌ ကျေးရွာသုံးရွာမှ အိမ်ခြေ ၁၀၀ ကျော်အပါအဝင် စစ်ဘေးရှောင်ပြည်သူ များ၏ ဆိုင်ကယ်နှင့် ကား အစီးရေ ၃၀ ကျော် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

မကွေးတိုင်း၊မြိုင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်နှင့် လေးရက်ဆက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ဦးခန့် သေဆုံးကြောင်း မြိုင်မြို့နယ်ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF က ယနေ့(မေ ၆ ရက်) ထုတ်ပြန်သည်။

ယခုလ ၁ရက်ကစ၍ မြိုင်မြို့နယ်တောင်ပိုင်းမှတစ်ဆင့် ဝင်ရောက်လာသော အင်အား ၇၀ခန့်ပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုပြောက်ကျားခြုံခိုစနစ်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“မေ ၁ ရက်ကစလို့ တစ်ရက်ချင်းအလိုက် တိုက်ပွဲတွေမှာ မျက်မြင် အရ ဆိုရင် သေတဲ့ စခ ၁၂ယောက်ရှိတယ်။ကျွန်တော်တို့ဘက်ကတော့ ရဲဘော်တစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်”ဟု MVRF တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာ၌ ကျေးရွာသုံးရွာမှ အိမ်ခြေ ၁၀၀ ကျော်အပါအဝင် စစ်ဘေးရှောင်ပြည်သူ များ၏ ဆိုင်ကယ်နှင့် ကား အစီးရေ ၃၀ ကျော် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဒေသခံပြည်သူနှစ်ဦးထက်မနည်း သတ်ဖြတ်ခံထားရပြီး ၁၃ ဦးခန့်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးထားကြောင်း MVRF က အသိပေးသည်။

ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို MVRF နှင့် အခြားသောပြည်သူ့ကာကွယ် ရေးအင်အားစုများအတူတကွ ပူးပေါင်းတိုက်ခိုက်နေသည်ဟုထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့အနီးကို ဗဟိုပြုပြီး အင်အားအတော်အသင့်ရှိတဲ့ငလျင် လှုပ်ခတ်သွားပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသအထိ သိသိသာသာ လှုပ်ခတ်သွားကြောင်း သတင်းရရှိပါတယ်။