Connect with us

Hi, what are you looking for?

News

၂၀၀၈ဖွဲ့စည်းပုံကို ပြန်အသက်သွင်းမည့် စစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက် တရားဝင်မှုမရှိဟု NUCCထုတ်ပြန်

၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းမည့် စစ်အုပ်စု၏ အတုအယောင် ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်သည် တရားဝင်မှုမရှိကြောင်း အမျိုးသားညီညွတ် ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့ ထုတ်ပြန်ခဲ့ပြီး ယင်းဖိတ်ခေါ်ချက်အပေါ် ရှုတ်ချခဲ့သည်။

▪️မင်းအောင်လှိုင်ဖိတ်ခေါ်ချက်ကို ပြတ်သားစွာ ငြင်းပယ်သည့် တိုင်းရင်းသားအဖွဲ့များကို အသိအမှတ် ပြုကြောင်းဖော်ပြပြီး ကျန်အဖွဲ့များလည်း ပြည်သူနှင့်အတူရပ်တည်ရန် တိုက်တွန်း

ဧပြီ ၂၂ရက်က ဖိတ်ခေါ်ခဲ့သည့် အကြမ်းဖက်စစ်အာဏာရှင် မင်းအောင်လှိုင်၏ တိုင်းရင်းသားတော်လှန် ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ကိုယ်တိုင် တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ခေါ်မှုသည် နိုင်ငံရေး၊ စစ်ရေး အပါအဝင်အဘက်ဘက်က အကြပ်အတည်းဆိုက်ပြီး ဆက်လက်ရပ်တည်ရန် ခက်ခဲလာနေသော စစ်အုပ်စု၏ ငြိမ်းချမ်းရေးအကြောင်းပြ ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်သာဖြစ်ပြီး အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြင့် ၎င်းတို့ ကြုံနေရသည့် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး နှင့် စီးပွားရေးအခက်အခဲများကို ယာယီဖြေရှင်းရန် ကြိုးစားခြင်းပင်ဖြစ်သည်ဟု NUCCက ဆိုသည်။

တိုင်းရင်းသား ပြည်သူလူထုအား ခေတ်အဆက်ဆက်က ပစ်မှတ်ထား တိုက်ခိုက်နေသည့် စစ်အုပ်စုသည် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ရန် တရားဝင်မှုမရှိဘဲ ၂၀၁၀မှ ၂၀၂၀ပြည့်နှစ်အတွင်း ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲများ မအောင်မြင်စေရန်နှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင် မကျော်စေရန် နည်းမျိုးစုံဖြင့် ဟန့်တားပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် ၎င်းတို့ကိုယ်တိုင် စိတ်ကြိုက်ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် ဖြစ်ပေါ်လာသည့် အစိုးရထံမှ အာဏာသိမ်းယူခြင်းဖြင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးကို အမှန်တကယ်မလိုလားကြောင်း ပြသခဲ့ပြီးဖြစ်သည်ဟု NUCCက ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

NUCC၏ ရည်မှန်းချက်များအရ အကောင်အထည်ဖော်မည့် လုပ်ငန်းများသည် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများ နှစ်ပေါင်း ၇၀ ကျော်ကြာ အစဉ်တစိုက် ကြိုးပမ်း အကောင်အထည်ဖော်ခဲ့သည့် အမျိုးသားတန်းတူရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စစ်အုပ်စု၏ အာဏာသိမ်းယူမှုကြောင့် ပျက်စီးသွားပြီဖြစ်သည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားဝင်မှုရှိသယောင် ပြန်လည်အသက်သွင်းသည့်မည်သည့် လှုပ်ရှားမှုကိုမဆို ဆန့်ကျင်ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက် စစ်အာဏာရှင်မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို ယခုသဘောထား ကြေညာချက် ထုတ်ပြန်သည့်အချိန်ထိ ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအား NUCCက လေးစားအသိအမှတ်ပြုမှတ်တမ်းတင်ကြောင်းထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်သူ့ ခုခံတော်လှန်ရေးအင်အားစုများအားလုံး အနေဖြင့်လည်း ပြည်သူနှင့် တသားတည်း ဆက်လက်ရပ်တည်ကာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးအတွက် ကျရာကဏ္ဍမှ ဆောင်ရွက်ကြရန် NUCCကတိုက်တွန်းနှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

Facebook