Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်နေအိမ်ကိုရောင်းချရန် စီစဉ်မှု ၄၈ နာရီမပြည့်မီ ဒေါ်လာ ၁ သန်းဖိုးရောင်းချရ ကြောင်း NUG ဝန်ကြီးပြော

မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင်မြေသည် ၁.၈၆ ဧကကျယ်ဝန်းပြီး ကာလပေါက်စျေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ကြေးရှိကြောင်း NUG က ကြေညာ ထားသည်။

●ဒေါ်လာ ၁၀ သန်းပြည့်မီစေရန် အရေးတော်ပုံအောင်စိတ်နဲ့ ဆက်လက်ဝယ်ယူအားပေးကြရန် တိုက်တွန်း

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သိမ်းယူထားသော နေအိမ်အတွက် အစုရှယ်ယာရောင်းချမှုသည် ၄၈ နာရီမပြည့်မီ ဒေါ်လာ ၁ သန်း ပြည့်ခဲ့ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

မင်းအောင်လှိုင် မတရားသဖြင့်ရယူထားသော ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ ခြံအမှတ် ၁၄ ကို ​ဒေါ်လာ ၁၀ သန်းတန်ဖိုးဖြတ်ကာ အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချရန် NUG က ကြေညာ အပြီး ၂ ရက်မပြည့်မီပင် ဒေါ်လာ ၁ သန်းဖိုး ရောင်းချခဲ့ရခြင်းဖြစ်သည်။

“စတင်ရောင်းချတာ ၄၈ နာရီမပြည့်သေးခင်မှာပဲ ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်ခဲ့တာကိုကြည့်ရင် တော်လှန်ပြည်သူတွေရဲ့ စိတ်ခွန်အားနဲ့ ပြင်းပြတဲ့အာသီသကို ဖော်ညွှန်းထင်ဟပ်စေပါတယ်။ လက်ကျန်အစုရှယ်ယာ ကိုးသောင်းသာ ကျန်ရှိတော့တဲ့အတွက် သတ်မှတ်ထားတဲ့အချိန်တိုအတွင်းမှာ ဒေါ်လာ ၁၀ သန်းပြည့်မီစေရန် အရေးတော်ပုံအောင်စိတ်နဲ့ ဆက်လက်ဝယ်ယူအားပေးကြဖို့ တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ၎င်း၏ လူမှုကွန်ရက်မှ အသိပေးသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင်မြေသည် ၁.၈၆ ဧကကျယ်ဝန်းပြီး ကာလပေါက်စျေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ကြေးရှိကြောင်း NUG က ကြေညာ ထားသည်။

ယင်းကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် NUG က ပြည်သူများကို ရောင်းချရန် စီစဉ်ခြင်းဖြစ်ပြီး ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံအခြေစိုက်ရိုဟင်ဂျာအသင်း (BROUK)က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဖမ်းဆီးပြီး တရားခံအဖြစ် လွှဲပြောင်းယူနိုင်ရေးကြိုးစားပေးဖို့အာဂျင်တီးနားတရားရေးဌာနကို တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို ကြံရာပါပြုခြင်း

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။