Connect with us

Hi, what are you looking for?

LuduNwayOo

News

မင်းအောင်လှိုင်နေအိမ်ကိုရောင်းချရန် စီစဉ်မှု ၄၈ နာရီမပြည့်မီ ဒေါ်လာ ၁ သန်းဖိုးရောင်းချရ ကြောင်း NUG ဝန်ကြီးပြော

မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင်မြေသည် ၁.၈၆ ဧကကျယ်ဝန်းပြီး ကာလပေါက်စျေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ကြေးရှိကြောင်း NUG က ကြေညာ ထားသည်။

●ဒေါ်လာ ၁၀ သန်းပြည့်မီစေရန် အရေးတော်ပုံအောင်စိတ်နဲ့ ဆက်လက်ဝယ်ယူအားပေးကြရန် တိုက်တွန်း

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သိမ်းယူထားသော နေအိမ်အတွက် အစုရှယ်ယာရောင်းချမှုသည် ၄၈ နာရီမပြည့်မီ ဒေါ်လာ ၁ သန်း ပြည့်ခဲ့ကြောင်း NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။

မင်းအောင်လှိုင် မတရားသဖြင့်ရယူထားသော ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ ခြံအမှတ် ၁၄ ကို ​ဒေါ်လာ ၁၀ သန်းတန်ဖိုးဖြတ်ကာ အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချရန် NUG က ကြေညာ အပြီး ၂ ရက်မပြည့်မီပင် ဒေါ်လာ ၁ သန်းဖိုး ရောင်းချခဲ့ရခြင်းဖြစ်သည်။

“စတင်ရောင်းချတာ ၄၈ နာရီမပြည့်သေးခင်မှာပဲ ဒေါ်လာ ၁ သန်းဖိုး ရောင်းချနိုင်ခဲ့တာကိုကြည့်ရင် တော်လှန်ပြည်သူတွေရဲ့ စိတ်ခွန်အားနဲ့ ပြင်းပြတဲ့အာသီသကို ဖော်ညွှန်းထင်ဟပ်စေပါတယ်။ လက်ကျန်အစုရှယ်ယာ ကိုးသောင်းသာ ကျန်ရှိတော့တဲ့အတွက် သတ်မှတ်ထားတဲ့အချိန်တိုအတွင်းမှာ ဒေါ်လာ ၁၀ သန်းပြည့်မီစေရန် အရေးတော်ပုံအောင်စိတ်နဲ့ ဆက်လက်ဝယ်ယူအားပေးကြဖို့ တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ၎င်း၏ လူမှုကွန်ရက်မှ အသိပေးသည်။

Public Service Announcement

Public Service Announcement

မင်းအောင်လှိုင်မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင်မြေသည် ၁.၈၆ ဧကကျယ်ဝန်းပြီး ကာလပေါက်စျေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် တန်ကြေးရှိကြောင်း NUG က ကြေညာ ထားသည်။

ယင်းကာလတန်ကြေး၏ ၃ ပုံ ၁ ပုံ အမေရိကန်ဒေါ်လာ ၁၀ သန်းဖြင့် NUG က ပြည်သူများကို ရောင်းချရန် စီစဉ်ခြင်းဖြစ်ပြီး ရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။