Connect with us

Hi, what are you looking for?

News

မိုးဗြဲနှင့် ဒီးမော့ဆို တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ရှစ်ဦးသေ

တိုက်ပွဲတွင် ပြည်သူများ၏ထောက်ပံ့ကူညီမှုကြောင့် ဝယ်ယူရရှိခဲ့သော စနိုက်ပါဖြင့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦးသေဆုံးကြောင်း အသိပေးသည်။

(ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU) ရဲဘော်များအား တွေ့ရစဥ်)

မိုးဗြဲနှင့် ဒီးမော့ဆိုမြို့နယ်တို့တွင်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သားရှစ်ဦးသေဆုံးကြောင်း ကရင်နီတပ်ဖွဲ့များက ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်များအရ ယနေ့(မေလ ၉ရက်)နံနက်ပိုင်းတွင် မိုးဗြဲမြို့အထွက်တစ်နေရာ၌ စခန်းချနေသော စစ်အုပ်စုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း – ၃ က အလစ်ဝင်တိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် ပြည်သူများ၏ထောက်ပံ့ကူညီမှုကြောင့် ဝယ်ယူရရှိခဲ့သော စနိုက်ပါဖြင့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်စစ်သား သုံးဦးသေဆုံးကြောင်း အသိပေးသည်။

Public Service Announcement

ပစ်ခတ်မှုမှာ မိနစ်၂၀ခန့်သာကြာမြင့်ခဲ့ပြီး KNDF က အထိခိုက်မရှိဆုတ်ခွာနိုင်ခဲ့သည်ဟုထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ဖရူဆို ဘက်မှာလည်း ဒီနေ့တိုက်ပွဲ ဖြစ်နေတယ်။နှစ်ဖက်အကျအဆုံးရှိတယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက People’s Springသို့ ပြောသည်။

အလားတူ မေလ၈ရက် တွင် ဒီမော့ဆို့မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖြင့် ည အချိန် ထိတွေ့မှု လေးကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ငါးသေဆုံး၍ အများအပြား အပြင်းအထန်ဒဏ်ရာရရှိနိုင်ကြောင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)က ဆိုသည်။

တိုက်ပွဲထိတွေမှုများပြားနေပါသဖြင့် ခဲယမ်းအးများအရေးပေါ်လိုအပ်နေသောကြောင့် ပြည် တွင်း၊ပြည်ပမှ အလှူရှင်များအား KRUက အကူအညီတောင်းခံသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။