Connect with us

Hi, what are you looking for?

News

ကနီမြို့နယ်မှ စစ်တပ်နှင့်ပျူအ​ခြေစိုက်ရာအလယ်ကျွန်းရွာကို PDFများတိုက်ခိုက်စီးနင်း

အထိနာနေသော စစ်အုပ်စုသည် Mi 35 လေယာဥ်တစ်စီးဖြင့် ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင်စစ်ကူလာပြီး နာရီဝက်ကြာ ပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့်မဟာမိတ်တပ်ပေါင်စု၏ DPRA မှ ရဲဘော်နှစ်ဦး ခြေမျက်စိကျည်ထိဒဏ်ရာ ရရှိခဲ့သည်။

(စစ်​ကောင်စီတပ်အထိ့နာ၍ Mi-35 ဖြင့်လာ​ရောက်စစ်ကူ​ပေး​နေစဥ် ။ ။ဓါတ်ပုံ-CJ)

●စစ်တပ်က အထိနာ၍​ လေ​ကြောင်းပစ်ကူလာသဖြင့်PDF များပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အခြေစိုက်ထားသည့် အလယ်ကျွန်းရွာအတွင်းအထိ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကပြည်သူ့ဝင်ရောက်စီးနင်းနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ​လေယာဥ်​ရောက်လာပြီးပစ်ကူပေးခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်းKLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မေ ၁၀ ရက်)နံနက် ၈ နာရီခန့်ကစ၍ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီ နှင့် ပျူစောထီး များရှိသောအလယ်ကျွန်း(ခ)ရေလယ်ကျွန်းရွာ ကို မဟာမိတ်တပ်ပေါင်းစုက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

“ရွာထဲ ထိကို ဝင်ပြီးပြီ။ပျူစောထီးတွေနေရာ သုံးခုလောက်ကိုလည်း မီးရှို့ နိုင်ခဲ့တယ်။မျက် မြင်အရ သေတဲ့သူ လေးဦးလောက်ကို အတည်ပြုနိုင်တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အထိနာနေသော စစ်အုပ်စုသည် Mi 35 လေယာဥ်တစ်စီးဖြင့် ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင်စစ်ကူလာပြီး နာရီဝက်ကြာ ပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့်မဟာမိတ်တပ်ပေါင်စု၏ DPRA မှ ရဲဘော်နှစ်ဦး ခြေမျက်စိကျည်ထိဒဏ်ရာ ရရှိခဲ့သည်။

“လေယာဥ်လာတော့ ကျွန်တော်တို့လည်း တောင့်မခံနိုင်ဘူး။ချက်ချင်းပြန်ဆုတ်ခဲ့ရတာ။ထိခိုက်တာတော့ ကြီးကြီးမားမား မရှိပါဘူး”ဟု ကနီ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

​မေလ ၈ ရက်နေ့ကပင် ရေလယ်ကျွန်း ကျေး ရွာသို့ ကင်းချိန်းရန် လာသည့် စစ်ကောင်စီတပ်သားများကိုလည်း စောင့်ကြိုတိုက်ခိုက်ရာ ငါးဦးသေဆုံးကြောင်း KLG PDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook