Connect with us

Hi, what are you looking for?

LuduNwayOo

News

ကနီမြို့နယ်မှ စစ်တပ်နှင့်ပျူအ​ခြေစိုက်ရာအလယ်ကျွန်းရွာကို PDFများတိုက်ခိုက်စီးနင်း

အထိနာနေသော စစ်အုပ်စုသည် Mi 35 လေယာဥ်တစ်စီးဖြင့် ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင်စစ်ကူလာပြီး နာရီဝက်ကြာ ပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့်မဟာမိတ်တပ်ပေါင်စု၏ DPRA မှ ရဲဘော်နှစ်ဦး ခြေမျက်စိကျည်ထိဒဏ်ရာ ရရှိခဲ့သည်။

(စစ်​ကောင်စီတပ်အထိ့နာ၍ Mi-35 ဖြင့်လာ​ရောက်စစ်ကူ​ပေး​နေစဥ် ။ ။ဓါတ်ပုံ-CJ)

●စစ်တပ်က အထိနာ၍​ လေ​ကြောင်းပစ်ကူလာသဖြင့်PDF များပြန်ဆုတ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ အခြေစိုက်ထားသည့် အလယ်ကျွန်းရွာအတွင်းအထိ ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကပြည်သူ့ဝင်ရောက်စီးနင်းနိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ​လေယာဥ်​ရောက်လာပြီးပစ်ကူပေးခဲ့သဖြင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်းKLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ယနေ့(မေ ၁၀ ရက်)နံနက် ၈ နာရီခန့်ကစ၍ အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီ နှင့် ပျူစောထီး များရှိသောအလယ်ကျွန်း(ခ)ရေလယ်ကျွန်းရွာ ကို မဟာမိတ်တပ်ပေါင်းစုက စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

“ရွာထဲ ထိကို ဝင်ပြီးပြီ။ပျူစောထီးတွေနေရာ သုံးခုလောက်ကိုလည်း မီးရှို့ နိုင်ခဲ့တယ်။မျက် မြင်အရ သေတဲ့သူ လေးဦးလောက်ကို အတည်ပြုနိုင်တယ်”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အထိနာနေသော စစ်အုပ်စုသည် Mi 35 လေယာဥ်တစ်စီးဖြင့် ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင်စစ်ကူလာပြီး နာရီဝက်ကြာ ပစ်ခတ်မှုများပြုလုပ်ခဲ့သဖြင့်မဟာမိတ်တပ်ပေါင်စု၏ DPRA မှ ရဲဘော်နှစ်ဦး ခြေမျက်စိကျည်ထိဒဏ်ရာ ရရှိခဲ့သည်။

“လေယာဥ်လာတော့ ကျွန်တော်တို့လည်း တောင့်မခံနိုင်ဘူး။ချက်ချင်းပြန်ဆုတ်ခဲ့ရတာ။ထိခိုက်တာတော့ ကြီးကြီးမားမား မရှိပါဘူး”ဟု ကနီ အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

​မေလ ၈ ရက်နေ့ကပင် ရေလယ်ကျွန်း ကျေး ရွာသို့ ကင်းချိန်းရန် လာသည့် စစ်ကောင်စီတပ်သားများကိုလည်း စောင့်ကြိုတိုက်ခိုက်ရာ ငါးဦးသေဆုံးကြောင်း KLG PDF က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။