Connect with us

Hi, what are you looking for?

News

စစ်ကိုင်းတကသအတွင်းရေးမှူးကိုဝေယံဖြိုး ကျဆုံးမှုအပေါ် တကသများကွန်ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာပို့

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဝေယံဖြိုးနှင့် ရဲဘော်ရှစ်ဦးသည် မေ ၉ ရက်က မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းစီးနင်းခံရစဥ် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

(စစ်ကိုင်းတကသ အတွင်း​ရေးမှူးကို​​ဝေယံဖြိုး)

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂအတွင်းရေးမှူး ကိုဝေယံဖြိုး ကျဆုံးမှုအပေါ် အခြေခံပညာ ကျောင်းသားသမဂ္ဂများကွန်ရက်က ဝမ်းနည်းကြောင်းသဝဏ်လွှာအား ယနေ့ (မေ ၁၂)ထုတ်ပြန်သည်။

ကိုဝေယံဖြိုးသည် အာဏာရှင်စနစ်အားခုခံတွန်းလှန်ရင်း မေ ၉ ရက်က မြင်းမူနယ်တွင် ဂုဏ်ရောင်ပြောင်ဝင်းစွာ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ကျဆုံးလေပြီးသော ကိုဝေယံဖြိုးအပါအဝင် အာဇာနည်သူရဲကောင်းအပေါင်းသည် အတောင်ရိုက်ချိုး၊ အတက်ကျိုးသည့်တိုင် အရိုးထဲမှ ခွပ်ဒေါင်းတွန်သံမှာ အစဥ်ပြန့်လွင့်လျက်ရှိပေမည်”ဟု အကသကွန်ရက်က ထုတ် ပြန်သည်။

ထို့ကြောင့် ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူများ၏ အသွေးအသားနှင့် ထွင်းထုထားသော တော်လှန်ရေးကမ္ဗည်းအား ကျန်ရစ်ခဲ့သော တော်လှန်ရေးသမား ရဲဘော်များမှ ဆက် လက်ထမ်းဆောင် ရေးထိုးကြရမည်မှာ သမိုင်းပေးတာဝန်တစ်ရပ်ဖြစ်ကြောင်းလည်း ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဝေယံဖြိုးနှင့် ရဲဘော်ရှစ်ဦးသည် မေ ၉ ရက်က မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်စခန်းစီးနင်းခံရစဥ် ကျဆုံးခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

‎ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အစည်းအဝေး ကျင်းပပြီး အဖွဲ့ဝင်သစ်များအား အတည်ပြုလိုက်ကြောင်း SCEF က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။