Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က ​ရေဦးမြို့နယ် မုံတိုင်ပင်တစ်ရွာတည်းမှာပင် ပြည်သူ ၃၀ ဝန်းကျင်ကိုသတ်ဖြတ်ဟု​ဒေသခံများ​ပြော

မုံတိုင်ပင်ရွာတွင် ဖမ်းဆီးခံရသည့် ပြည်သူ ၄၀ ကျော်အထက်ရှိနိုင်ပြီး အသတ်ခံသူပေါင်း ၃၀ ဝန်းကျင် ရှာတွေ့နေပြီဟု သိရကြောင်း၊ ထပ်မံရှာနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ထား​သော ရွာအချို့)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ရွာစဥ်လှည့်သတ်ဖြတ်နေပြီး မုံတိုင်ပင်တစ်ရွာတည်း ပြည်သူ သုံးဆယ်ဦး ဝန်းကျင်သတ်ဖြတ်ခံရကြောင်း ​ဒေသခံများကပြောသည်။

အကြမ်းဖက်စစ်တပ်သည် မေလ ၁၀ ရက်နေ့က ရေဦးမြို့နယ်၊ မုံတိုင်ပင်ရွာသို့ ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ပြီး ရွာခံပြည်သူများကိုပါ သတ်ဖြတ်ခဲ့ကြောင်း၊ မုံတိုင်ပင်ရွာတွင် မီးလောင်ကျွမ်းနေသည့် ရုပ်အလောင်း ၁၇ လောင်းနှင့် ကျည်ဆံမှန်သေဆုံးနေသူ နှစ်ဦး ရုပ်အလောင်းများ တွေ့ရှိထားကြောင်း ဒေသခံများက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ထား​သော ရွာအချို့)

ယနေ့ မေလ ၁၃ ရက် နံနက်ပိုင်းတွင် မုံတိုင်ပင်ရွာ၌ မီးရှို့အသတ်ခံထားရသော ကျေးရွာသူကျေးရွာသားရုပ်အလောင်းများ ထပ်မံတွေ့ရှိရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့-ရေဦးက ပြောသည်။

မုံတိုင်ပင်ရွာတွင် ဖမ်းဆီးခံရသည့် ပြည်သူ ၄၀ ကျော်အထက်ရှိနိုင်ပြီး အသတ်ခံသူပေါင်း ၃၀ ဝန်းကျင် ရှာတွေ့နေပြီဟု သိရကြောင်း၊ ထပ်မံရှာနေဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ထား​သော ရွာအချို့)

“အိမ်အတွင်းတွေမှာ အပြစ်မဲ့ ပြည်သူများရဲ့ ရုပ်အလောင်းများစွာ တွေ့ရှိနေပါတယ်။ တချို့ ရေတွင်းထဲပစ်ချပြီး အပေါ်မှ ကောက်ရိုးထုံးများဖုံးအုပ် မီးရှို့ထားခဲ့တယ်။ သွေးကွက်များကို ပေါက်ပြားများနဲ့ ဖုံးထားခဲ့တယ်။ ရုပ်အလောင်းများကို နေအိမ်အတွင်း ဆွဲသွင်းပြီး မီးရှို့ထားခဲ့ကြောင်း သိရပါတယ်။ ယုတ်မာချက်ကတော့ PDF ဝတ်စုံ များ ချထားခဲ့တယ်။အောင်ပွဲခံ ပုံစံ အလံများထောင်ထားခဲ့တယ်။ စခ များက PDP မို့သတ်တဲ့ ပုံစံသွင်းတယ်။ တချို့အိမ်များမှာ လူက နှစ်ယောက်ပဲ နေသော်လည်း အလောင်းများမှာ ခြောက်လောင်းဖြစ်နေတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က မီးရှို့ထား​သော ရွာအချို့)

အကြမ်းဖက်စစ်တပ်သည် ဆယ်ရက်အတွင်း ရေဦးမြို့နယ်ရှိ နှောကုန်း၊ အင်ပင်၊ ချမ်းသာ၊ ဆီဆုံ၊ ပုဏ္ဏာကား အစရှိသည့်ကျေးရွာများမှ နေအိမ်ပေါင်း ၅၀ ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ၎င်းကျေးရွာများမှ ဖမ်းဆီးသတ်ဖြတ်ခံရသူများလည်း ရှိနေသည်။ ဆိုင်ကယ်နှင့်ကားများ၊ နွားများ၊ ကောက်ရိုးစင်းစက်၊ မီးစက်များ၊ စပါးတင်းငါးရာကျော်၊ မီးသတ်ကားတစ်စီး အစရှိသည့်ပစ္စည်းများလည်း ဖျက်ဆီးခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့မှာ စစ်မှုထမ်းဖို့ အဓမ္မပေါ်တာဆွဲဖမ်းဆီးခံထားရတဲ့လူငယ်တွေ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်လာကြောင်း ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ထဲကို စစ်တပ်က ဒီနေ့ညနေပိုင်းမှာ ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲခဲ့တာ​ကြောင့် ဒေသခံ၇ ဦးသေဆုံးခဲ့တယ်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။