Connect with us

Hi, what are you looking for?

News

မတူပီ-မင်းတပ် မိုင်တိုင် ၁၄ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဟု မင်းတပ် CDFထုတ်ပြန်

မင်းတပ်မြို့နှင့် ၁၄မိုင်ခန့်အကွာတွင် မေလ ၁၂ရက် ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ရာ ပဒေသာ မိုင်း ဖြင့် ၂ကြိမ် တိုက်ခိုက်ခဲ့ပြီး တူမီးမောင်းပြန်များဖြင့်လည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကြောင်း ဖော်ပြထားသည်။

မတူပီ-မင်းတပ်လမ်းတစ်​နေရာတွင် စစ်ယာဥ်တန်းကို​တွေ့ရစဥ် ။ ဓါတ်ပုံ -မင်းတပ်CDF

● မတူပီမှ ထွက်လာ​သောစစ်​ကောင်စီယာဥ်တန်းမှာ ၁၇ ရက်ကြာ မင်းတပ်သို့​ရောက်

မတူပီမှ ပြန်လာသည့် စစ်ကောင်စီတပ်ယာဥ်တန်းကို မင်းတပ် ချင်း​ဒေသကာကွယ်ရေးတပ်(CDF)က ယမန်နေ့ (​မေ ၁၂) ညနေပိုင်းက ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မင်းတပ် CDFက သတင်းထုတ်ပြန်သည်။

မင်းတပ်မြို့နှင့် ၁၄မိုင်ခန့်အကွာတွင် မေလ ၁၂ရက် ညနေပိုင်းက တိုက်ပွဲပြင်းထန်ခဲ့ရာ ပဒေသာ မိုင်း ဖြင့် ၂ကြိမ် တိုက်ခိုက်ခဲ့ပြီး တူမီးမောင်းပြန်များဖြင့်လည်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရသူများကြောင်း ဖော်ပြထားသည်။

လွန်ခဲ့​သော၁၈ ရက်က မတူပီမှ စထွက်လာ​သောအဆိုပါ စစ်ယာဉ်တန်းသည် ယနေ့ (​မေ ၁၃) ည​နေ ၅ နာရီခန့်တွင်မှ မင်းတပ်မြို့ ရှိ စစ်​ကောင်စီတပ်၏ ခမရ (၂၇၄ )တပ်ရင်းအတွင်းသို့ ဝင်ရောက်​ကြောင်းမင်းတပ်CDF (သတင်းနှင့်ပြန်ကြားရေးဌာန)က ယ​နေ့ည​နေတွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မတူပီနှင့် မင်းတပ် မိုင်တိုင် ၂၅ နှင့် ၂၆ ကြား စစ်ယာဥ်တန်းမိုင်းဆွဲ တိုက်ခိုက်ခံရပြီး​​နောက် ယာဥ်တန်းမှအလံ ​အောက်ကျကျန်ရစ်ခဲ့သည်။

တူပီမှ ဧပြီ ၂၇ရက်က စတင်ထွက်ခွာလာသည့် စစ်ယာဉ်တန်းကို မင်းတပ် CDFက ဧပြီ ၃၀ ရက်မှ ​မေလ ၁၂ ရက်အထိ နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အထိနာပြီး အချို့နေရာတွင် ၆ မိုင်ခရီးကို ၂ရက်ခန့်သွားနေသည်ဟု ဆလိုင်းဟာအွမ်က ဆိုသည်။ မင်းတပ် CDF နယ်​မြေအတွင်းမ​ရောက်ခင် မတူပီ မြို့နယ်တစ်​လျှောက်တွင်လည်း မတူပီ CDF ကလိုက်လံတိုက်ခိုက်ခဲ့​သေးသည်။
ထို​ကြောင့် ယခုစစ်​ကောင်စီတပ်ယာဥ်တန်းသည် ယခင်အ​ခေါက်များထက် ​​သေဆုံးထိ့ခိုက်မှုများခဲ့​ကြောင်း သိ့ရသည်။

Public Service Announcement

“မိုင် ၁၀၀ပဲ ဝေးတဲ့ခရီးကို နှစ်ပတ်လောက်သွားနေရတယ်ဆိုကတည်းက သူတို့ခရီးက အမိန့်အရသာ သွားနေရတယ် သူတို့အတွက်တော့ အထိအခိုက်အကျအဆုံးများစွာနဲ့ သေမင်တမံလမ်းလို သွားနေရတယ်”ဟု မင်းတပ် CDF မှ ​ပြော​ရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က People’s Spring သို့ ပြောသည်။

မင်းတပ်သို့​ရောက်ရှိ​နေ​သော စစ်​ကောင်စီယာဥ်တန်းသည်မင်းတပ်တွင် ခတ္တနားပြီး ​ကျောက်ထုသို့ဆက်လက်သွားနိုင်​ပြီး ၊​ကျောက်ထုမှ စစ်ကိုင်းတိုင်း မှ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ) အ​ခြေစိုက်ရာ မုံရွာမြို့သို့ ဆက်သွားနိုင်ကြောင်း စစ်​ရေး​လေ့လာသူအချို့က ခန့်မှန်းထားသည်။ထိုယာဥ်တန်းသည် မင်းတပ် ခလရ ၂၇၄ အတွင်းဝင်ရာတွင် ကားအစီး​ရေ ၇၄ စီးရှိ​ကြောင်းသိရသည်။

“ဒီကနေ(မင်းတပ်) သူတို့ ကျောက်ထုကို ဆင်းသွားမှာ ကျောက်ထုကနေ ပုံတောင်ပုံညာအထိ ယော PDFတွေ YDFတွေက သူတို့ တက်နိုင်သလောက် သူတို့ရှိသမျှ စွမ်းအားနဲ့ သူတို့ တိုက်ခိုက်လိမ့်မယ်။ ပုံတောင်ပုံညာကျော်ပြီး ပခုက္ကူ – မုံရွာသွားတဲ့အချိန်မှာ အဲဒီဘက်က PDF တက်နိုင်သလောက် စစ်အာဏာရှင်ကိုအလိုမရှိဘူးဆိုတာ ရှိတဲအင်အားနဲ့လုပ်နိုင်သလောက် လုပ်ကြပါ”ဟု ဆလိုင်းဟာ
အွမ်က တိုက်တွန်းသည်။

ထိုသို့ တိုက်ခိုက်ခြင်းဖြင့် ပြည်သူလူထုက စစ်ကောင်စီတပ်ကို အလိုမရှိကြောင်း သိသာစေကြောင်း ၎င်းကဆက်လက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

Facebook