Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်နဲ့ BGF အဖွဲ့တွေ ရွာသားတွေဆီက ငွေကြေးအဓမ္မတောင်းယူတာတွေရှိနေ

“ရွာလူကြီးတွေကို ခေါပြီးတော့ ပိုက်ဆံ (၁၄၃) သိန်းကို သုံးရက်အတွင်းတောင်းတယ်၊ လက်နက်ပြပြီးတောင်းတာဆိုတော့ မပေးပဲနဲ့လည်း မနေရဲကြလောက်ဘူး၊ နောက်ပြီးတော့ လူထုကလည်း ခက်ခဲနေတဲ့အချိန်လေ” လို့ ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ကေအဲန်ယူ ဒူးသထူခရိုင် တပ်မဟာ ၁ နယ်မြေအတွင်းမှာ စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့တွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပြည်သူတွေထံကနေ ငွေကြေးအဓမ္မတောင်းယူတာတွေရှိနေတယ်လို့ တပ်မဟာ ၁ တာဝန်ရှိသူတွေက ပြောပါတယ်။

မနေ့ မေလ ၁၂ ရက်က ကေအဲန်ယူ-ဖားအံမြို့နယ် မိတ္ထီလာကျေးရွာက ဘုရားကုန်း BGF စခန်းမှာ စစ်ကောင်စီနဲ့ BGF တပ်ဖွဲ့တွေဟာ ဖားအံမြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာက ရွာလူကြီးတွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ငွေကြေးအဓမ္မတောင်ယူမှုတွေ လုပ်ဆောင်လျက်ရှိတယ်လို့ ကေအဲန်ယူက ဆိုထားပါတယ်။

“ရွာလူကြီးတွေကို ခေါပြီးတော့ ပိုက်ဆံ (၁၄၃) သိန်းကို သုံးရက်အတွင်းတောင်းတယ်၊ လက်နက်ပြပြီးတောင်းတာဆိုတော့ မပေးပဲနဲ့လည်း မနေရဲကြလောက်ဘူး၊ နောက်ပြီးတော့ လူထုကလည်း ခက်ခဲနေတဲ့အချိန်လေ” လို့ ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဝဲပျံကျေးနယ်အတွင်းရှိ ဘုရားစင်ရွာက (၅) သိန်း၊ ဝဲပျံရွာက သိန်း(၂၀)၊ ပေပင်ဆိပ်ရွာက (၁၂)သိန်း၊ မိတ္ထီလာရွာက (၅) သိန်း၊ အထက်မိဇိုင်းနဲ့ အောက်မိဇိုင်းရွာက (၁၂) သိန်း၊ မိဇိုင်းတောင်ခြေရွာက (၅) သိန်း၊ တုတ်ကြီးရွာက (၁၂) သိန်း၊ ဖားဘောင်ရွာက (၁၅) သိန်းနဲ့ တကောင်ဘိုးကျေးနယ် ဝဲပျံချောင်းဝရွာက (၅) သိန်း၊ ဂျို့ပင်ဆိပ်ရွာက (၁၁) သိန်း၊ မြိုင်ကျေးရွာက (၆) သိန်း၊ စစ်ချောင်းရွာက (၅) သိန်း၊လက်ပံတန်းရွာက (၅) သိန်း၊ ကုန်းတန်းကြီးရွာက (၁၅) သိန်း၊ မီးပုံးရွာက (၁၀) သိန်း စုစုပေါင်း (၁၄၃) သိန်းပေးဖို့ စစ်ကောင်စီ BGF ၁၀၁၄ တပ်ဖွဲ့တွေက အဓမ္မတောင်းယူထားတယ်လို့ ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းနဲ့ပြန်ကြားရေး ဌာနခွဲရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ကေအဲန်ယူ-ဒူးသထူခရိုင် ဥက္ကဌ ပဒိုစောစိုးမြင့်က”ဒါကလူ့အခွင့်အရေးချိုးဖောက်တာပဲ၊ အဓမ္မကျူးလွန်တာပဲ၊ လက်နက်ကိုင်ပြီးတော့ လူထုကို ဒီလိုအနိုင်ကျင့်နေတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ (၅) ရက်နေ့ကလည်း ဘီးလင်းမြို့နယ် လေးကေ BGF စခန်းကို စစ်ကူလိုက်လာတဲ့ စစ်ကောင်စီနဲ့ BGF ၁၀၁၄ ပူးပေါင်းတပ်တွေက ဖားအံမြို့နယ် ဟတ္တလိုက်ကျေးနယ်အုပ်စုအတွင်းရှိ ဒေသခံတွေပိုင်ဆိုင်တဲ့ ရာဘာခြံ (၁၃)ဧကကျော်ကို မီးရှို့ဖျက်ဆီးသွားခဲ့သေးတယ်လို့ တပ်မဟာ ၁ တာဝန်ရှိသူထံကနေ သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ BGF ၁၀၁၄ တပ်ဖွဲ့ဟာ ကေအဲန်ယူ တပ်မဟာ ၁ ဖားအံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်အတွင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီနဲ့ပူးပေါင်းကာ ကလေးငယ်လေးဦးအပါအဝင် ဒေသခံပြည်သူ ၉၂ ဦးကို လေးကေစခန်းထဲမှာ ဖမ်းဆီးချုပ်နှောင်ထားသေးတာလည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းတရားရုံးကဖမ်းဝရမ်းထုတ်ထားတဲ့အာဏာသိမ်းစစ်တပ်လက် အောက်ခံ ကရင့်နယ်ခြားစောင့်တပ် (BGF) အမှတ် (၄) ရဲ့တပ်န​ယ်မှုး ဗိုလ်မှုးချုပ်စောမုတ်သုန် လူမြင်ကွင်းကနေ ပျောက်သွားတာ တစ်လနီးပါးရှိလာပြီလို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။