Connect with us

Hi, what are you looking for?

News

ထားဝယ်အ​ရှေ့ပိုင်း​ဒေသအချို့တွင် စစ်​ရေးတင်းမာ၊​ ကျေးရွာအချို့ကို လက်နက်ကြီးပစ်​နေ၍​ဒေသခံများထွက်​ပြေး

ထားဝယ်မြို့နယ်၊ ဘဝပင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၁၅ ရက်) ညနေ ၃နာရီခန့်က ကင်းထောက်လေယာဉ် ပျံသန်းပြီးနောက် ကျေးရွာထဲသို့ လက်နက်ကြီး အချက် ၂၀ ခန့်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

ထားဝယ်မြို့နယ်အရှေ့ပိုင်း​ဒေသများတွင် စစ်ရေးတင်းမာလျက်ရှိပြီး စစ်ကောင်စီတပ်က ကျေးရွာအချို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းကြောင့်ဒေသခံရွာသား ၄၀၀ကျော်က ဘေးလွတ်ရာသို့ ထွက်​ပြေးတိမ်း​ရှောင်နေရသည်ဟု ဒေသခံများကပြောသည်။

ထားဝယ်မြို့နယ်၊ ဘဝပင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၁၅ ရက်) ညနေ ၃နာရီခန့်က ကင်းထောက်လေယာဉ် ပျံသန်းပြီးနောက် ကျေးရွာထဲသို့ လက်နက်ကြီး အချက် ၂၀ ခန့်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

“ရွာသေးသေးလုံးကို ဗုံးတီးနေသလိုဘဲ တအုံးအုံးနဲ့ ပစ်နေတာ၊ ဘာမှ တောင်ယူချိန်မရဘူး ထွက်ပြေးကြရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ထိုပြင် ဝကုန်းရွာနှင့် ကျောက်မဲတောင်ရွာများတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များက သေနတ်ပစ်ဖောက်ပြီး PDFများကို ထုတ်ပေးရန် ကျေးရွာသားများကို ခြိမ်းခြောက်နေသည်ဟုလည်း ဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

​ထားဝယ်မြို့နယ်၊​ကျောက်မဲ​တောင်​ကျေးရွာရှိ ကျောက်မဲ​တောင်ရဲစခန်းအား ပြည်သူ့ကာကွယ်​ရေးတပ်မတော်(ထားဝယ်ခရိုင်)နှင့် ပြည်သူ့ကာကွယ်​ရေးအဖွဲ့များ ပူး​ပေါင်း၍ ​မေ၁၄ရက်​(ယမန့်နေ့)နံနက် ၉နာရီခန့် တွင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက ထားဝယ်မြို့အရှေ့ဘက်ရှိ မေတ္တာမြို့အနီးအနားရွာများကို စစ်အင်အား အလုံးအရင်းဖြင့် တိုးချဲ့နေခြင်းဖြစ်သည်။

ဒေသခံကာကွယ်ရေးတပ်များ ရှိနိုင်သည်ထင်​သောကျေးရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟုလည်း ဒေသခံများကပြောသည်။

​မေ ၁၅ ရက်ကျောက်မဲတောင်ရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ စစ်သားနှစ်ဦးသေဆုံးခဲ့သည်ဟု ဒေသခံကာကွယ်ရေးတပ်များနှင့် နီးစပ်သူတစ်ဦးကပြောသည်။

PDFများဘက်မှလည်း ရဲ​ဘော် နှစ်ဦးကျဆုံးခဲ့သည်။ ကျဆုံးခဲ့​သော ရဲ​​ဘော် နှစ်ဦးတွင် T1 Zone မှ ရဲ​​ဘော်ဂျပန် ပါဝင်ပြီး ကျဆုံးခဲ့​သောရဲ​​ဘော်အတွက် ဝမ်းနည်း​ကြောင်း ဂုဏ်ယူ​ကြောင်းနှင့် ​နွေဦးသူရဲ​ကောင်းအဖြစ် ​တောင်ပိုင်းတိုင်းစစ်ဌာန ၊တနသာ်ရီစစ်​ဒေသခွဲ မှ ဂုဏ်ပြုခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။