Connect with us

Hi, what are you looking for?

LuduNwayOo

News

PDF ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မေမြို့အိမ် ဆိုင်ပိုင်ရှင်အမျိုးသမီးကို ထောင် ၁၅ နှစ်ချ

ဒီလိုထောင်ဒဏ် ၁၅နှစ်ချထားပေမယ့် မပိုပည့်သူကို ဆက်လက်တရားစွဲထားတဲ့ပုဒ်မရှိသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားအမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။

PDF ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ပြင်ဦးလွင်က မေမြို့အိမ်ဆိုင်ပိုင်ရှင် မပိုပြည့်သူကို စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဒဏ် ၁၅ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

မေမြို့အိမ်စားသောက်ဆိုင်ဟာ ပြင်ဦးလွင် မြို့အဝင်မှာရှိကာလူသိများပါတယ်။ ဆိုင်ပိုင်ရှင် အသက် ၃၅ နှစ်အရွယ် မပိုပြည့်သူဟာ NLD ပါတီကို ထောက်ခံသူဖြစ်တဲ့အပြင် ပရဟိတလုပ်ကိုင်သူအမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းမှာ မပိုပြည့်သူကို နောင်ချိုကနေအိမ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှု ၊မတရားအသင်းဆက်သွယ်မှု ၊ အကြမ်းဖက်ပုဒ်မတွေနဲ့ တပ်ပြီးတရားစွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှုအတွက် ထောင်ဒဏ် ၃ နှစ် ၊ မတရားအသင်း အမှုအတွက် ထောင်ဒဏ ၂ နှစ် ၊အကြမ်းဖက်ပုဒ်မ အမှု ၂ မှုအတွက် ထောင်ဒဏ် ၁၀ နှစ် အသီသီးချလိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုထောင်ဒဏ် ၁၅နှစ်ချထားပေမယ့် မပိုပည့်သူကို ဆက်လက်တရားစွဲထားတဲ့ပုဒ်မရှိသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားအမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။

မပိုပြည့်သူရဲ့ မေမြို့အိမ်စားသောက်ဆိုင်ကိုလည်း စစ်အုပ်စုက ချိတ်ပိတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။