Connect with us

Hi, what are you looking for?

News

PDF ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မေမြို့အိမ် ဆိုင်ပိုင်ရှင်အမျိုးသမီးကို ထောင် ၁၅ နှစ်ချ

ဒီလိုထောင်ဒဏ် ၁၅နှစ်ချထားပေမယ့် မပိုပည့်သူကို ဆက်လက်တရားစွဲထားတဲ့ပုဒ်မရှိသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားအမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။

PDF ကို ထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ ပြင်ဦးလွင်က မေမြို့အိမ်ဆိုင်ပိုင်ရှင် မပိုပြည့်သူကို စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက ထောင်ဒဏ် ၁၅ နှစ်ချလိုက်တယ်လို့ သိရပါတယ်။

မေမြို့အိမ်စားသောက်ဆိုင်ဟာ ပြင်ဦးလွင် မြို့အဝင်မှာရှိကာလူသိများပါတယ်။ ဆိုင်ပိုင်ရှင် အသက် ၃၅ နှစ်အရွယ် မပိုပြည့်သူဟာ NLD ပါတီကို ထောက်ခံသူဖြစ်တဲ့အပြင် ပရဟိတလုပ်ကိုင်သူအမျိုးသမီးတစ်ဦးလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နှစ် အောက်တိုဘာလအတွင်းမှာ မပိုပြည့်သူကို နောင်ချိုကနေအိမ်မှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နိုင်ငံမတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှု ၊မတရားအသင်းဆက်သွယ်မှု ၊ အကြမ်းဖက်ပုဒ်မတွေနဲ့ တပ်ပြီးတရားစွဲခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ မတည်မငြိမ်ဖြစ်အောင်လှုံ့ဆော်မှုအတွက် ထောင်ဒဏ် ၃ နှစ် ၊ မတရားအသင်း အမှုအတွက် ထောင်ဒဏ ၂ နှစ် ၊အကြမ်းဖက်ပုဒ်မ အမှု ၂ မှုအတွက် ထောင်ဒဏ် ၁၀ နှစ် အသီသီးချလိုက်တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုထောင်ဒဏ် ၁၅နှစ်ချထားပေမယ့် မပိုပည့်သူကို ဆက်လက်တရားစွဲထားတဲ့ပုဒ်မရှိသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားအမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။

မပိုပြည့်သူရဲ့ မေမြို့အိမ်စားသောက်ဆိုင်ကိုလည်း စစ်အုပ်စုက ချိတ်ပိတ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေဖြင့်ပြည်သူတို့ရဲ့အသက်၊ခန္ဓာနဲ့ အနာဂတ်အတွက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊လူထုကို ကာကွယ်ရေး၊ လုံခြုံရေးဆိုင်ရာပြုပြင်ပြောင်းလဲရေးမှာ ပါဝင်ရေးမဏ္ဍိုင်သုံးရပ်နဲ့ ရှေ့သို့အရှိန်အဟုန်မပျက်ချီတက်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်မတော်ကအောက်တိုဘာ ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook