Connect with us

Hi, what are you looking for?

News

တော်လှန်ရေးတစ်ဆင့်မြှင့်ရမှာဖြစ်လို့ NUG ရဲ့လမ်းညွှန်ချက်အတိုင်း PDFဖွဲ့ဖို့ စစ်ကိုင်းPDF ကြေညာ

၎င်းတို့အဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ရပ်တည်တော့မှာမဟုတ်ဘဲ ပံ့ပိုးချိတ်ဆက်ကူညီရမှာတွေကိုသာ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ SPDF ကကြေချက် ထုတ်ပြန်ထားပါတယ်။

ယခုအချိန်ဟာ တော်လှန်ရေးကိုတဆင့်မြှင့်ရမှာဖြစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လမ်းညွှန်ချက်တွေအတိုင်း PDF တပ်ဖွဲ့စည်းဖို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)က ဒီ​နေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

SPDF ရဲ့ ဒီကနေ့(သြဂုတ် ၁ရက်)ထုတ်ပြန်ချက်ထဲမှာ အချက်​လေးချက်ပါဝင်ပြီး နံပါတ်(၃)အချက်မှာ “ယခုအခါ တော်လှန်ရေးအားတဆင့်မြှင့်တင်ရမည့်အခြေ အနေသို့ ရောက်ရှိလာပြီဖြစ်၍ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေကြသော မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်အတိုင်း PDF တပ်ဖွဲ့များအဖြစ် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားကြရန် အသိပေးညွှန်ကြားအပ်ပါသည်”လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း PDF အနေနဲ့ စစ်အကြမ်းဖက်တွေရဲ့အန္တရာယ်ကကာကွယ်ဖို့၊ CDM ဝန်ထမ်းတွေကိုကာကွယ်ရန်၊ စစ်ကောင်စီအား ပြောက်ကျားစနစ်နဲ့ဆန့်ကျင်ခုခံဖို့၊ တော်လှန်ရေးကို နယ်မြေအသီးသီးနဲ့ ချိတ်ဆက်ဆောင် ရွက်ဖို့၊ လိုအပ်တဲ့လက်နက်ပစ္စည်းတွေ မြို့နယ်ကာကွယ် ရေးတပ်ဖွဲ့များထံပံ့ပိုးဖို့၊ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးသင်တန်းတွေပေးဖို့နဲ့ NUG, CRPH, KIO/KIA တို့နဲ့ချိတ်ဆက်ပြီး တိုင်းနဲ့ပြည်နယ်တွေနဲ့အတူတကွ တော်လှန်ရေးကိုဖော်ဆောင်ဖို့ စတဲ့ရည်ရွယ်ချက်တွေကို အတိုင်းအတာတစ်ခုအထိ အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါကြောင့် ၎င်းတို့အဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ရပ်တည်တော့မှာမဟုတ်ဘဲ ပံ့ပိုးချိတ်ဆက်ကူညီရမှာတွေကိုသာ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ SPDF ကကြေချက် ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)ကို ၂၀၂၁ မေလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...