Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်ရေးတစ်ဆင့်မြှင့်ရမှာဖြစ်လို့ NUG ရဲ့လမ်းညွှန်ချက်အတိုင်း PDFဖွဲ့ဖို့ စစ်ကိုင်းPDF ကြေညာ

၎င်းတို့အဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ရပ်တည်တော့မှာမဟုတ်ဘဲ ပံ့ပိုးချိတ်ဆက်ကူညီရမှာတွေကိုသာ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ SPDF ကကြေချက် ထုတ်ပြန်ထားပါတယ်။

ယခုအချိန်ဟာ တော်လှန်ရေးကိုတဆင့်မြှင့်ရမှာဖြစ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့လမ်းညွှန်ချက်တွေအတိုင်း PDF တပ်ဖွဲ့စည်းဖို့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)က ဒီ​နေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

SPDF ရဲ့ ဒီကနေ့(သြဂုတ် ၁ရက်)ထုတ်ပြန်ချက်ထဲမှာ အချက်​လေးချက်ပါဝင်ပြီး နံပါတ်(၃)အချက်မှာ “ယခုအခါ တော်လှန်ရေးအားတဆင့်မြှင့်တင်ရမည့်အခြေ အနေသို့ ရောက်ရှိလာပြီဖြစ်၍ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်နေကြသော မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်အတိုင်း PDF တပ်ဖွဲ့များအဖြစ် ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်သွားကြရန် အသိပေးညွှန်ကြားအပ်ပါသည်”လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း PDF အနေနဲ့ စစ်အကြမ်းဖက်တွေရဲ့အန္တရာယ်ကကာကွယ်ဖို့၊ CDM ဝန်ထမ်းတွေကိုကာကွယ်ရန်၊ စစ်ကောင်စီအား ပြောက်ကျားစနစ်နဲ့ဆန့်ကျင်ခုခံဖို့၊ တော်လှန်ရေးကို နယ်မြေအသီးသီးနဲ့ ချိတ်ဆက်ဆောင် ရွက်ဖို့၊ လိုအပ်တဲ့လက်နက်ပစ္စည်းတွေ မြို့နယ်ကာကွယ် ရေးတပ်ဖွဲ့များထံပံ့ပိုးဖို့၊ မြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ကာကွယ်ရေးသင်တန်းတွေပေးဖို့နဲ့ NUG, CRPH, KIO/KIA တို့နဲ့ချိတ်ဆက်ပြီး တိုင်းနဲ့ပြည်နယ်တွေနဲ့အတူတကွ တော်လှန်ရေးကိုဖော်ဆောင်ဖို့ စတဲ့ရည်ရွယ်ချက်တွေကို အတိုင်းအတာတစ်ခုအထိ အကောင်အထည်ဖော်နိုင်ခဲ့ပြီလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ဒါကြောင့် ၎င်းတို့အဖွဲ့အနေနဲ့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အဖြစ် ရပ်တည်တော့မှာမဟုတ်ဘဲ ပံ့ပိုးချိတ်ဆက်ကူညီရမှာတွေကိုသာ ဆက်လက်ဆောင်ရွက်ပေးသွားမယ်လို့ SPDF ကကြေချက် ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)ကို ၂၀၂၁ မေလ ၅ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။