Connect with us

Hi, what are you looking for?

News

ရခိုင်ပြည်မှာ ပြဿနာဖြစ်လာရင် အဆိုးမဆိုဖို့ စစ်ကောင်စီခြိမ်းခြောက်

ရခိုင်ပြည်နယ်မှာ AA ဟာ အုပ်ချုပ်ရေးပိုင်းကိုနှောင့်ယှက်နေကြောင်း ၊တိုင်းစစ်ဌာနချုပ်ကို တောင်ခြိမ်းခြောက်လာတဲ့အထိဖြစ်လာပြီး တိုက်ပွဲခေါ်နေတဲ့ပုံစံဖြစ်နေတယ်လို့စစ်ကောင်စီက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ လက်နက်ကိုင်ပဋိပက္ခမဖြစ်အောင် စစ်ကောင်စီက ထိန်းသိမ်းနေတာဖြစ်ပြီး ပြဿာနာဖြစ်လာရင် အဆိုးမဆိုဖို့ အာဏာသိမ်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ခြိမ်းခြောက်လိုက်ပါတယ်။

AA ခေါင်းဆောင်က စစ်ကောင်စီတိုင်းမှူးကိုအွန်လိုင်းကနေသတိပေးတာ ၊ စစ်ကောင်စီဖိတ်တဲ့ငြိမ်းချမ်းရေးပွဲမတက်ဘဲ NUG နဲ့တွေ့ဆုံမှုတွေရှိလာပြီးနောက် စစ်ကောင်စီဘက်က တုံ့ပြန်လာတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ AA ဟာ အုပ်ချုပ်ရေးပိုင်းကိုနှောင့်ယှက်နေကြောင်း ၊တိုင်းစစ်ဌာနချုပ်ကို တောင်ခြိမ်းခြောက်လာတဲ့အထိဖြစ်လာပြီး တိုက်ပွဲခေါ်နေတဲ့ပုံစံဖြစ်နေတယ်လို့စစ်ကောင်စီက ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ရခိုင်ပြည်သူ လူထု ဒုက္ခ မရောက်စေချင်လို့ထိန်းသိမ်းနေတာဖြစ်ပြီး စိတ်ရှည်သည်းခံ နေရတယ်လို့လည်း စစ်ကောင်စီက ပြောပါသေးတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်အင်အားတိုးချဲ့လာမှုတွေကြောင့် တိုက်ပွဲ ပြန်ဖြစ်လာနိုင်တယ်လို့ AA ဘက်က ပြည်သူလူထုကိုသတိပေးထားပါတယ်။

ဒါအပြင် စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စောင့်ကြည့်နေတယ်လို့ AAက ဆိုထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ AA ခေါင်းဆောင်ပိုင်းနဲ့ NUG တို့တွေ့ဆုံခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ် စစ်ဆင်ရေးတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်(AA)ထံ အပါမခံဘဲ အချင်းချင်း ပစ်သတ်ဖို့ စစ်တပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁ဦးဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တပ်သား ရန်ငြိမ်းအောင် က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အီရန်ကို အဆုံးစွန်ထိ ချေမှုန်းပစ်နိုင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ကုလသမဂ္ဂ (UN) အထွေထွေ ညီလာခံ မိန့်ခွန်းအပြီး အီရန်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂ (UN)ရဲ့ အထွေထွေညီလာခံမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အီရန်နိုင်ငံကို အဆုံးစွန် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခြေရှိကြောင်း ခြိမ်းခြောက်သွားခဲ့ပါတယ်။

Facebook