Connect with us

Hi, what are you looking for?

News

တန့်ဆည်တောင်ပိုင်းရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၊ စစ်ရှောင်ပြည်သူ ၅,၀၀၀ ခန့်ရှိနေ

မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်အရေအတွက်မှာ ဖန်းခါးဇင်းရှိ အိမ်ခြေ ၂၀၀တွင် အနည်းငယ်ကျန်၊ ချောင်းရိုးရှိ အိမ်ခြေ ၅၀၀တွင် အနည်းငယ်ကျန်ပြီး စိမ်းစားရှိ အိမ်ခြေ ၆၅ လုံးမှာ အားလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

(စစ်တပ်ဝင်ရောက်ဖျက်ဆီးခဲ့သော တန့်ဆည်မြို့နယ်ရှိ ကပေါင်းကျကျေးရွာ မြင်ကွင်းတစ်ခု။ ဓာတ်ပုံ-CJ)

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာသုံးရွာကို စစ်ကောင်စီတပ်က မေလ ၂၀ရက် နံနက်ပိုင်းကစတင်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း Taze Support Organization-TSO က ထုတ်ပြန်သည်။

မီးရှို့ဖျက်ဆီးခံရသော ကျေးရွာများမှာ ဖန်းခါးဇင်း၊ ချောင်းရိုးနှင့် စိမ်းစားရွာတို့ဖြစ်ပြီး ခပေါင်းကြိုင်ရွာအား မီးရှို့ဖျက်ဆီးခံရခြင်းရှိမရှိ စုံစမ်းအတည်ပြုနေဆဲဖြစ်ကြောင်း TSOက ပြောသည်။

မီးလောင်ဆုံးရှုံးခဲ့သော နေအိမ်အရေအတွက်မှာ ဖန်းခါးဇင်းရှိ အိမ်ခြေ ၂၀၀တွင် အနည်းငယ်ကျန်၊ ချောင်းရိုးရှိ အိမ်ခြေ ၅၀၀တွင် အနည်းငယ်ကျန်ပြီး စိမ်းစားရှိ အိမ်ခြေ ၆၅ လုံးမှာ အားလုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ဖန်းခါးဇင်၊ ချောင်းရိုး၊ စိမ်းစား ရွာများ အား လုံးရှို့ခံထားရပါတယ်။ အခု တန့်ဆည်နယ်တောင်ပိုင်းကနေစပီး ရွာစဉ်အလိုက်ရှို့လာတာ။ သုံးရွာပြာကျသွားပါပြီ”ဟု TSO အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ရေဦး – တန့်ဆည်လမ်းပေါ်ရှိ ဖန်းခါးဇင်း၊ ချောင်းရိုး၊ စိမ်းစားနှင့် ခပေါင်းကျကျေး ရွာများမှ ဒေသခံပြည်သူ ၅,၀၀၀ခန့် ဘေးလွတ်ရာပြေးနေရပြီး အကူအညီများလိုအပ်နေကြောင်း ၎င်းက ဆက်ပြော သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အတွင်း နေအိမ်များအား မီးရှို့ဖျက်ဆီးလျက်ရှိရာ ပြီးခဲ့သည့် ဧပြီတွင် နေအိမ် ၂၀၆လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့အရှေ့ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။