Connect with us

Hi, what are you looking for?

News

ကသာတွင်​လေးရက်အတွင်း ​​ရှေ့တန်းမှစစ်ကောင်စီတပ်သား ၅ဦး CDM ပြုလုပ်၊ CDM ရဲနှင့် စစ်သား ၆၀ ကျော်ရှိလာဟု ကသာပကဖ အသိပေး

အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့်ရဲများသည် စစ်တပ်ရှေ့ တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော CDM ရဲနှင့်စစ်သား ၆၁ဦးရှိလာပြီဟု ကသာ ပကဖက အသိပေးထားသည်။

(ပြည်သူနှင့်ပူး​ပေါင်းလာ​သော တပ်မ​တော်သား​လေးဦး ဓါတ်ပုံ-ကသာ ပကဖ )

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း စစ်ကြောင်းလှည့်နေသည့် စစ်ကောင်စီတပ်မှ တပ်သား ၅ဦး CDM ပြုလုပ်လာကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ယနေ့ သတင်းထုတ်ပြန်သည်။

မေလ ၁၆ရက်က ကသာမြို့နယ်၌ စစ်ကြောင်းလှည့်နေသည့် စစ်ကောင်စီတပ်၏ ခမရ ၄၁၆ မှ တပ်သား ၄ဦးနှင့် မေလ ၁၉ရက်တွင် ခမရ ၃၈၅ မှ တပ်သား ၁ဦး တို့ ထွက်ပြေးလာပြီး CDM ပြုလုပ်လာကြောင်း ဖော်ပြထားသည်။

ထွက်ပြေးလားသည့် စစ်ကောင်စီတပ်သားများ၌ လက်နက်ခဲယမ်းများ ပါဝင်ခြင်းရှိမရှိကိုမူဖော်ပြမထားပေ။

အကြမ်းဖက် စစ်တပ်၏ လုပ်ရပ်များကို လက်မခံတော့သည့် စစ်သားနှင့်ရဲများသည် စစ်တပ်ရှေ့ တန်းစခန်းများမှ ထွက်ပြေးကြပြီး နီစပ်ရာ ပြည်သူများမှတဆင့် ပြည်သူ့ရင်ခွင်သို့ဆက်သွယ်ကာ CDM လုပ်ပေးရန် ပြောဆိုမှုများကြောင့် ကသာမြို့နယ် ပြည်သူ့ရင်ခွင်သို့ ရောက်ရှိခိုလှုံလာသော CDM ရဲနှင့်စစ်သား ၆၁ဦးရှိလာပြီဟု ကသာ ပကဖက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

(ပြည်သူနှင့်ပူး​ပေါင်းလာ​သော တပ်မ​တော်သား​လေးဦး ဓါတ်ပုံ-ကသာ ပကဖ )

စစ်ကောင်စီတပ်သည် ကသာအပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်များမှ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသကဲ့သို့ ဒေသခံ ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပိုင်းတိုက်ပွဲဖြစ်ပွားနေတဲ့လမ်းပိုင်းနေရာတွေအသုံးမပြုဖို့ ကသာခရိုင် ထုတ်ပြန်