Connect with us

Hi, what are you looking for?

News

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းနှစ်ခုဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေ

တိုက်ပွဲများအတွင်းတွင် မဟာမိတ်တော်လှန်ရေးအင်အားစုများ စုပေါင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ အားတက်ဖွယ် အောင်မြင်မှုများရှိခဲ့သလို တော်လှန်ရေးအင်အားစုများဖက်မှလည်း ရဲ​ဘော်တစ်ဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

(ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ​ကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် ထိုးစစ်ဆင်နေပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်များသည် မေလ ၁၇ရက်မှစတင်ကာ ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး ဒေသတွင်း တိုက်ပွဲများအတွင်း အကြမ််းဖက်စစ်တပ်ဘက်မှ သေဆုံးမှုများရှိကြောင်း၊ တော်လှန်ရေးအင်အားစုများဖက်မှလည်း တစ် ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

(ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ​ကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။)

ထို့အပြင် အကြမ်းဖက်စစ်တပ်သည် ကျေးရွာများအား ဆက်တိုက် မီးရှို့ဖျက်ဆီးနေကြောင်း ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

Public Service Announcement

“စစ်ကြောင်းက နှစ်ကြောင်း၊ တစ်ကြောင်းက ရေဦးကနေဝင်လာတာ။ အင်အားကတော့ စစ်ကြောင်းနှစ်ခုပေါင်းရင် ၁၅၀လောက်ရှိမယ်။ ဒီပဲယင်းမြို့နယ်ထဲဝင်ကတည်း က အခုဆို ရွာခုနစ်ရွာလောက်ကို ဝင်ပြီးသွားပြီ။ မီးရှို့တာကတော့ဝင်တဲ့ ရွာတိုင်းနီးပါးမှာ ရှို့တယ်၊ ဘယ်နှစ်အိမ်လောက်ရှို့တယ်ဆိုတာတော့ အတည်ပြုလို့ မရသေးဘူး။ နောက်တစ်ကြောင်းကတော့ ဒီပဲယင်းကနေထွက်လာပြီး ခွင့်တောင်းရွာကိုဝင်တာ။ အဲဒီစစ်ကြောင်းကတော့ ခွင့်တောင်းရွာမှာ ပြည်သူအိမ်နှစ် အိမ်နဲ့ ကောက်ရိုးပုံ တစ်ပုံကို မီးရှို့ခဲ့တယ်။ အဲဒီကနေ ပင်စည်ရွာကို သွားတယ်။ အခုထိ ပင်စည်ရွာမှာ ရှိနေတုန်းပဲ”ဟု ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၁၉ ရက်ကလည်း ဒီပဲယင်းမြို့နယ် ပေါက်သာရွာမှ စစ်ဘေးရှောင်လာသည့် ပြည်သူများအား အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် သုံးချက်ပစ်ခတ်သည့်အတွက် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ငါးဦး သေဆုံးခဲ့ရပြီး ​လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူ ​လေးဦးအနက် နှစ်ဦးမှာဒဏ်ရာပြင်းထန်ကြောင်း ဒီပဲယင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

၎င်းအကြမ်းဖက်အဖွဲ့အား ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း(၁၂)သည် အခြားသော မဟာမိတ် တပ်ရင်း တပ်ဖွဲ့များ၊ Local Squad များ၊ မြို့နယ်၊ ကျေးရွာ (ပကဖ)များနှင့်အတူ အကြမ်းဖက်စစ်ကြောင်းကို တွန်းလှန်တိုက်ခိုက်နေသည်။

(ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိ ​ကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားခဲ့စဥ်။)

တိုက်ပွဲများအတွင်းတွင် မဟာမိတ်တော်လှန်ရေးအင်အားစုများ စုပေါင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ အားတက်ဖွယ် အောင်မြင်မှုများရှိခဲ့သလို တော်လှန်ရေးအင်အားစုများဖက်မှလည်း ရဲ​ဘော်တစ်ဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း (၁၂)သည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနှင့် ရဲဘော်များ၏ စစ်ဆင်ရေး လုံခြုံရေးများအတွက် စစ်ရေးသတင်းများကို အကန့်အသတ်ဖြင့်သာ ထုတ်ပြန်သွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။