Connect with us

Hi, what are you looking for?

LuduNwayOo

News

မြဝတီမှာ ရေဘေးသင့်သူ တစ်ထောင်လောက်ရှိနေ

မိုးဇလရဲ့ဒီနေ့ထုတ်ပြန်ထားချက်အရ သောင်ရင်းမြစ်ရေဟာ မြ၀တီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၅ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း မြစ်ရေဟာ ၂ ပေခန့် ဆက်လက်တက်လာနိုင်တယ်လို့ မြ၀တီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အကြံပြုထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် သောင်းရင်မြစ်ရေကြီးမှုကြောင့် မြ၀တီမြို့မှာ ရေဘေးသင့်သူဦးရေ ၁၀၀၀ ခန့်ရှိပြီး ဘေးလွတ်ရာကို ရွှေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ပေးနေတဲ့ အဖွဲ့အစည်းတွေထံကနေ သိရပါတယ်။

မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေကျဆင်းလာတာကြောင့် မနေ့မေလ ၂၁ ရက်ကစပြီး သောင်ရင်းမြစ်ရေတက်လာကာ မြ၀တီမြို့ရဲ့အနိမ့်ပိုင်းရပ်ကွက်ဖြစ်ကြတဲ့ အမှတ် ၁၊ အမှတ် ၂၊ အမှတ် ၄ နဲ့ အမှတ် ၅ ရပ်ကွက်တွေမှာ ရေကြီးမှုဖြစ်ပွားခဲ့တာပါ။

အဲ့ဒီရပ်ကွက်လေးရပ်ကွက်က အိမ်ထောင်စု(၃၀၉)စု လူဦးရေ (၁၀၆၈)ဦးဟာ အမှတ် ၁ အမှတ် ၂ အမှတ် ၄ အမှတ် ၅ က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဓမ္မာရုံ ဆွမ်းလောင်းရုံတွေမှာ ပြောင်းရွှေ့နေကြရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဒါ့အပြင် မြစ်ရေကြီးပြီး တောင်ကျရေအရှိန်ကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားနေတဲ့အတွက် မြ၀တီမြို့ရဲ့တောင်ဘက် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနားမှာ နေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ ရွှေ့ပြောင်းနေထိုင်ရတာတွေရှိနေပြီး လတ်တလောမှာအခက်အခဲကြုံနေလို့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ကြားသိရပါတယ်။

Public Service Announcement

Public Service Announcement

မိုးဇလရဲ့ဒီနေ့ထုတ်ပြန်ထားချက်အရ သောင်ရင်းမြစ်ရေဟာ မြ၀တီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၅ ပေခွဲခန့် ကျော်လွန်ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း မြစ်ရေဟာ ၂ ပေခန့် ဆက်လက်တက်လာနိုင်တယ်လို့ မြ၀တီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေထိုင်သူတွေအနေနဲ့ အထူးသတိပြုနေထိုင်ကြဖို့ အကြံပြုထားပါတယ်။

ဒါ့အပြင် ဒီကနေ့ မေ ၂၂ ကနေ ၂၆ ရက်နေ့အတွင်း ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ အရှေ့အလယ်ပိုင်းတွေမှာ မုတ်သုန်လေအားအလွန်ကောင်းနေတာကြောင့် ကရင်ပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ မိုးကြီးတာတွေ လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နိုင်ပြီး မိုးရေချိန်ဟာလည်း ၃ လက်မနဲ့အထက် ရွာသွန်းနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါသေးတယ်။

အဲ့ဒီရက်ကာလအတွင်း မိုးသည်းထန်ပြီး လေပြင်းတိုက်ခတ်မှုနဲ့အတူ ရုတ်တရက်ရေကြီးတာ မြေပြိုတာတွေဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ချောင်းငယ်အနီးမှာ နေထိုင်သူတွေအနေနဲ့ ရေကြီးရေလျှံမှုကို ကြိုတင်သတိပြုနိုင်ဖို့ မိုးဇလက မေ ၂၃ ရက်က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မဲဆောက်မြို့ကို အဝင်ပိတ်ထားမှုကြောင့် အလုပ်လုပ်ကိုင်ရန် သွားရောက်သူတွေအနေနဲ့ အခက်ကြုံရတယ်လို့လည်း ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူသာမက မြဝတီမြို့ပေါ်ကို လေယာဉ်ဖြင့် ကင်းထောက်ပျံဝဲခြင်း၊ လေကြောင်းမှ ဗုံးချတိုက်ခိုက်ခြင်း၊ ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ပြုလုပ်နေသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။