Connect with us

Hi, what are you looking for?

News

ရဟတ်ယာဉ်အမှုမှာ တရားလိုကို ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ရှေ့နေတွေ ကြားနာစစ်ဆေး

တရားလိုဟာ စစ်ကောင်စီပြန်လည်ဖွဲ့စည်းလိုက်တဲ့အဂတိကော်မရှင်ကအရာရှိဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းမှာ တော့ တရားလို ကျန်းမာရေးအရခွင့်တိုင်ခဲ့တဲ့အတွက် စစ်ဆေးနိုင်ခြင်းမရှိခဲ့ပါဘူး။

ရဟတ်ယာဉ်ဌားရမ်း ၊ဝယ်ယူတဲ့ကိစ္စနဲ့ပတ်သက်ပြီး အဂတိပုဒ်မနဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက အမှုလုပ်ပြီး စွဲဆိုတဲ့အမှုမှာ တရားလိုဖြစ်သူကို စွပ်စွဲခံရသူတွေဘက်က ဒီနေ့မှာ မေးခွန်းထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကသိရပါတယ်။

ဒါပေမယ့် အမှုမှာလိုက်ပါဆောင်ရွက်သူ ရှေ့နေတွေ ကို မီဒီယာဖြေဆိုခွင့် ပိတ်ထားတဲ့အတွက် တရားလိုရဲ့ထွက်ဆိုချက် အသေးစိတ်ကိုသိရှိရခြင်းမရှိပါဘူး။

တရားလိုဟာ စစ်ကောင်စီပြန်လည်ဖွဲ့စည်းလိုက်တဲ့အဂတိကော်မရှင်ကအရာရှိဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းမှာ တော့ တရားလို ကျန်းမာရေးအရခွင့်တိုင်ခဲ့တဲ့အတွက် စစ်ဆေးနိုင်ခြင်းမရှိခဲ့ပါဘူး။

NLD အစိုးရလက်ထက်မှာ သဘာဝဘေးအန္တရာယ်ရေးအတွက် ရဟတ်ယာဉ်တစ်စီးဌားရမ်းခဲ့တာ ၊ ရဟတ်ယာဉ်တစ်စီးဝယ်ယူခဲ့တာရှိပါတယ်။

Public Service Announcement

Public Service Announcement

ရဟတ်ယာဉ် ဌားရမ်း ၊ဝယ်ယူရာမှာ နိုင်ငံအတွက် ဘဏ္ဍာငွေ ထိခိုက်နစ်နာမှုရှိတယ်ဆိုကာ အာဏာသိမ်းပြီးနောက် စစ်အုပ်စုက သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည် ၊ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ကို ထောင် ၁၅ နှစ်ထိချလို့ရတဲ့အဂတိပုဒ်မနဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ

ရုရှားစစ်တပ်ရဲ့ Mi-8 ရဟတ်ယာဉ် တစ်စီးဟာ အဝေးပြေး လမ်းပေါ်မှာ အရေးပေါ် ဆင်းသက်ရင်း လမ်းဘေးကို ထိုးဆင်းသွားတာကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။