Connect with us

Hi, what are you looking for?

News

မြင်းမူမြို့နယ် အင်းမရွာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကျဆုံး၊ စစ်ကောင်စီတပ်သားငါးဦးသေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။

(အကြမ်းဖက်စစ်တပ် ဝင်ရောက်စီးနင်းခဲ့သည့် စစ်ကိုင်းနှင့်မြင်းမူနယ်စပ်ရှိ ကျေးရွာနှစ်ရွာ)

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်နှင့် မြင်းမူမြို့နယ် အစပ်မူးမြစ်အနောက်ဘက် မြင်းမူမြို့နယ် အင်းမကျေးရွာတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်နှစ်ဦးကျဆုံးကာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး(SGG)က ယနေ့(မေ ၂၅ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ မေလ ၂၄ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်မှစတင်ကာ စစ်ကိုင်းမြို့နယ် မူးသာရွာ နှင့် မူးမြစ်အနောက်ဘက် မြင်းမူမြို့နယ် အင်းမရွာတို့ကိုစစ်ကြောင်းတစ်ခုလျှင် အင်အား ၆၀ခန့်ဖြင့်စစ်ကြောင်း နှစ်ကြောင်းခွဲကာ ဝင်ရောက်လာခဲ့သည်။

“အင်းမဘက်မှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်နှစ်ဦးကျဆုံးခဲ့ပါတယ်”ဟု SGGက ပြောသည်။

ထို့အပြင် မူးမြစ်အရှေ့ဘက်ခြမ်းရှိ မူးသာရွာမှ စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသော မူးသာရာပြည့်ဆရာတော်၏ ဘုန်းကြီးကျောင်းကိုရှာဖွေမှုများပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

မွန်းတည့် ‌‌၁၂နာရီခန့်တွင် အင်အား(၆၀)ခန့်ပါ အကြမ်းဖက်စစ်ကြောင်းသည် မူးသာရွာမှ ပြန်အထွက်တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရ၍ အကြမ်းဖက်စစ်သားအချို့ ထိခိုက်သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။မိုင်းဆွဲနိုင်ခဲ့သော်လည်း ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးပေ။

ထိုအပြင် ည ၇ နာရီခန့်တွင်လည်း အကြမ်းဖက်စစ်တပ်သည်အင်းမနှင့် ဂုံညင်းဆိပ်ရွာမှ ရွာသား ၁၇ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခဲ့ပြီး ပြန်ထွက်လာရာ ထိုစစ်ကြောင်းသည် ကံပြားရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်း သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်လျက်ရှိသည်။

မေလ ၉ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှ Black Eagle Defence Force – MMU (မြင်းမူ လင်းယုန်နက် ကာကွယ်ရေးတပ်ဖွဲ့)၏ PDF စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်က စီးနင်းတိုက်ခိုက်ရာ တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။