Connect with us

Hi, what are you looking for?

News

နန်းဖဲရွာအနီးတိုက်ပွဲ စစ်​ကောင်စီတပ် ၁၀ဦး​သေပြီးကားတစ်စီးပျက်စီး၊ KNDFတပ်ရင်း( ၂)တပ်ဖွဲ့ဝင်တစ်ဦးကျဆုံး

စစ်​ကောင်စီက ယခုနှစ်တွင် ငြိမ်းချမ်း​ရေးနှစ်ဟု ​ကြေညာပြီး တိုက်ပွဲမဖြစ်​သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်​နေပြည်​တော်တွင် တစ်ဖွဲ့ချင်း​​တွေ့ဆုံ​ဆွေး​နွေးပြ​နေချိန်တွင် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို စစ်အင်အားတိုး၍ စစ်​ကြောင်းထိုးကာ အကြမ်းဖက် ​နေခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ပျက်စီးသွား​သောကားတစ်စီး။ ဓါတ်ပုံ-KNDF တပ်ရင်း -၂ )

ကရင်နီ(ကယား)ပြည်နယ်၊ဘောလခဲမြို့နယ်၊နန်းဖဲကျေးရွာ အနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးကာ ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း ၁၆ က ယနေ့(မေ ၂၅ ရက်)တွင် ထုတ်ပြန်သည်။

မေ ၂၃ ရက် နံနက် ၁၁ နာရီ ၁၇ မိနစ် မှ ညနေ ၆ နာရီခွဲအထိ ကရင်နီတပ်မတော် KA ၊ KNDF တပ်ရင်း ၁၆ ၊တပ်ရင်း ၂ နှင့် KPDF တို့က စစ်ကောင်စီရိက္ခာယာဥ်တန်းကို ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုပါရှိသည်။

သို့သော် စစ်ကောင်စီတပ်က ရိက္ခာယာဥ်တန်းနှင့် အတူ စစ်ကြောင်းပါပူးတွဲပါရှိခဲ့သည့် အတွက် တိုက်ပွဲမှာပြင်းထန်ခဲ့ကာ ၁၂၀ မမ လက်နက် ကြီးထိမှန်၍ KNDF တပ်ရင်း ၂ မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

(စစ်​ကောင်စီတပ်ပျက်စီးသွား​သောကားတစ်စီး။ ဓါတ်ပုံ-KNDF တပ်ရင်း -၂ )

“သူတို့က အခုနောက်ပိုင်းတိုက်ပွဲတွေမှာ လက် နက်ကြီး ပစ်ကူတအားသုံးတာ။ဘာဖြစ်လို့လဲဆို လက်နက်ငယ်ချင်း ယှဥ်ပစ်ရင် သူတို့ပဲ သေတာကို။အဲဒီနေ့ကတော့ ကံဆိုးစွာနဲ့ပဲ ကျဆုံးသွားတဲ့ရဲဘော်ရှေ့တည့်တည့်မှာပဲ ၁၂၀ မမ ကျည် ကျ ခဲ့တာ”ဟု KNDF တပ်ရင်း ၁၆ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

အဆိုပါနေ့၌ပင် နန်းဖဲကျေးရွာနှင့် နှစ်မိုင်ခန့် အကွာအဝေးရှိသည့် ဖရူဆိုမြို့နယ်၊ထားလဲ ကျေးရွာနှင့် ကျွန်းပင်ကုန်းကြားတွင်စစ်ကောင်စီယာဥ်တန်းကို တိုက်ခိုက်ခဲ့ရာ KA နှင့် KNDF တပ်ရင်း ၄ က တိုက်ခိုက်ခဲ့ကာ ကားသုံးစီးပျက်စီးပြီးသေဆုံးထိခိုက်သူများရှိခဲ့သည်။

ယခုလ ၇ ရက်နေ့ကလည်း ဖရူဆိုမြို့နယ် လောကျေခူ ကျေးရွာတွင် စစ်ကောင်စီယာဥ်တန်းကို KNDF တပ်ရင်း ၄ အပါအဝင် ကရင်နီ တပ် မတော်မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားငါးစီးထက်မနည်းပျက်စီးပြီး သေဆုံးသူ ၄၀ ခန့်ရှိခဲ့သည်။

စစ်​ကောင်စီက ယခုနှစ်တွင် ငြိမ်းချမ်း​ရေးနှစ်ဟု ​ကြေညာပြီး တိုက်ပွဲမဖြစ်​သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်​နေပြည်​တော်တွင် တစ်ဖွဲ့ချင်း​​တွေ့ဆုံ​ဆွေး​နွေးပြ​နေချိန်တွင် ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းကို စစ်အင်အားတိုး၍ စစ်​ကြောင်းထိုးကာ အကြမ်းဖက် ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

Facebook