Connect with us

Hi, what are you looking for?

News

ကနီနယ်မှ အထက်ကင်းရွာကို စစ်ကောင်စီတပ်က တစ်အိမ်တက်ဆင်းမီးရှို့နေဟု ဒေသခံပြော

စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များမှ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

(အကြမ်းဖက်စစ်​ကောင်စီတပ်က ​မေလ ၁၉ရက်တွင် ကနီမှ ​ကျေးရွာတစ်ရွာကိုမီးရှို့ဖျက်ဆီး​နေစဥ်။ ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ကနီမြို့နယ်ရှိ အထက်ကင်းရွာကို စစ်ကောင်စီတပ်က ယနေ့ မေလ ၂၅ရက် မနက် ၁၁နာရီခန့်မှစ၍ မီးရှို့ဖျက်ဆီးနေရာ နေ့လည်ပိုင်းအချိန်ထိ မီးလောင်နေဆဲဖြစ်ကြောင်း ဒေသခံ အချို့က ပြောသည်။

“အခုကို ရှို့တုန်းပဲ။ မီးခိုးတွေ တစ်လုံးပြီး တစ်လုံးတက်လာတုန်းပဲ။ တစ်အိမ်ပြီး တစ်အိမ်ရှို့တဲ့သဘောပေါ့” ဟု ကင်းရွာအနီးရှိ ဒေသခံ တစ်ဦးက ယနေ့ မွန်းလွဲ ၃နာရီကျော်အချိန်တွင် ပြောကြားသည်။

အဆိုပါ ကျေးရွာတွင် အိမ်ခြေ ၁၈၀ ခန့်ရှိပြီး လက်ရှိတွင် ရွာ၏ တစ်ဝက်ခန့်မီးလောင်သွားပြီဟု ခန်းမှန်းရကြောင်း အခြားဒေသခံတစ်ဦးက ပြောကြားသည်။

“ဘာတိုက်ပွဲမှ မဖြစ်ဘဲ ဒီအတိုင်း တက်ရှို့တာ။ အရင်အပတ်က တောင် ၄ရက်အတွင်း ၇ရွာရှို့သွားတာ။ အဲဒါက ကနီမြို့နားက ရွာတွေပေါ့။ အခုကတော့ ကနီနယ် အထက်ပိုင်းမှာ ပထမဆုံးမီးရှို့ခံရတဲ့ရွာ။ ကနီနဲ့ မင်းကင်းအစပ်မှာ ရှိတာ ဒီရွာက” ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကို ခုခံတော်လှန်မှု အားကောင်းသည့် စစ်ကိုင်းတိုင်းရှိ မြို့နယ်များမှ ကျေးရွာများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။

“ဖြတ်လေးဖြတ်လိုပုံစံမျိုးနဲ့လုပ်တာ။ ပြည်သူတွေကို အဓိက ဒုက္ခပေးချင်တဲ့ဟာ သပ်သပ်မဲ့ ယုတ်မာရိုင်းစိုင်းတဲ့ နည်းနဲ့ ကိုယ့်ပြည်သူကိုယ် အဲဒီလိုလုပ်တာ” ဟု ကနီဒေသခံက ပြောသည်။
ထိုသို့ မီးရှို့ခြင်းကြောင့် တော်လှန်ရေးငြိမ်သွားမည်မဟုတ်ဘဲ ဒေသခံများအနေဖြင့် စစ်ကောင်စီကို ပိုပြီး တော်လှန်ချင်စိတ် ရှိလာမည်ဟု ၎င်း ကဆိုသည်။

“ပြည်သူတွေတော့ ဒုက္ခ အများကြီးရောက်ရတာပေါ့။ တော်လှန်ရေးအရှိန်အဟုန်ကိုတော့ ရပ်တန့်သွားမှာ မဟုတ်ဘူး”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးနောက် စစ်ကိုင်း၊ မကွေး၊ ချင်း၊ ကရင်နီ(ကယား) အပါအဝင် ဒေသအသီးသီးရှိ ပြည်သူလူထု နေအိမ်များကို မီးရှို့ဖျက်ဆီမှုများ လုပ်ဆောင်ခဲ့ရာ အိမ်ခြေ ၁၀၀၀၀ ကျော် မီးလောင်ခဲ့ပြီး စစ်ကိုင်းတိုင်းက အများဆုံး ထိခိုက်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

Facebook