Connect with us

Hi, what are you looking for?

News

ကလေးမြို့အခြေစိုက် ခမရ(၃၆၁)မှတပ်သားနိုင်ဝင်း KLG PDFထံ ခိုလှုံလာ

ခိုလှုံလာသည့်တပ်သားနိုင်ဝင်းကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးရန် စီစဥ်ထားပြီး လက်ရှိတွင် KLG PDF က ခေတ္တထိန်းသိမ်းထားဆဲ ဖြစ်သည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ခမရ(၃၆၁)မှ တပ်သားနိုင်ဝင်း ၎င်းတို့ထံ ခိုလှုံလာကြောင်း ကနီမြို့နယ် အခြေစိုက်ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် KLG PDF တာဝန်ရှိသူက People’s Spring သို့ ပြောသည်။

အဆိုပါ တပ်သားနိုင်ဝင်းထံတွင် လက်နက်ခဲယမ်းများမပါရှိဘဲ ကိုယ်လွတ်ရုန်းထွက်ပြေးလာခြင်းဖြစ်သော်လည်း ကောင်းမွန်စွာစောင့်ရှောက်ပေးထားကြောင်း အသိပေးသည်။

“သူက မေလ ၂၄ ရက် မနက်အစောကြီး ရောက်လာတာ။ထွက်ဆိုချက်အရဆို ကလေးမြို့နဲ့ ကနီ မြို့ ထဲက ကျေးရွာတွေကို မီးရှို့တဲ့ စစ်ကြောင်းမှာ သူပါတယ်။အခုက စစ်တပ်ရဲ့လုပ်ရပ်တွေကို ရွံလာလို့ ထွက်ပြေးလာခဲ့တာ”ဟု KLG PDF တာဝန်ရှိသူက ရှင်းပြသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကြောင်းတစ်ခုတွင် ရိက္ခာအဖြစ်သုံးရက်စာသာ ထောက်ပံ့ပေးပြီး၊ ရိက္ခာကုန်လျှင် ပြည်သူပိုင်နေအိမ်များမှ ဆန်၊ဆီ၊ ပိုက်ဆံစသည့် ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခဲ့ရပြီး ဖုန်းလုံးဝအသုံးပြုခွင့်မရဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ခိုလှုံလာသည့်တပ်သားနိုင်ဝင်းကို လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးရန် စီစဥ်ထားပြီး လက်ရှိတွင် KLG PDF က ခေတ္တထိန်းသိမ်းထားဆဲ ဖြစ်သည်။

ယခုနှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ရှေ့တန်းစခန်းများနှင့် စစ်ကြောင်းများမှ လက်နက်မဲ့အပါအဝင် လက်နက် ၊ကျည်ခဲယမ်းများနှင့်အတူ ထွက်ပြေးလာသည့် တပ်သားအများအပြားရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ