Connect with us

Hi, what are you looking for?

သတင်း

မြစ်သာရေလှောင်တမံဒေသအတွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို YDFက ပြင်းအားကောင်းသည့် မိုင်းသုံးလုံးဖြင့်တိုက်ခိုက်

အင်အား ၁၀၀ခန့် ရှိသော စစ်ကောင်စီတပ်သည် မေလ ၂၆ ရက် ညနေပိုင်းကစ၍ မြစ်သာဆည်တစ်ဝိုက်တွင် တပ်စွဲခဲ့ကာ တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါ အရန်သင့်ထားရှိထားသည်ဟု ဂန့်ဂေါမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်များ​က ဆိုသည်။

(ယနေ့ တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သော ပြင်းအားမြင့် မိုင်းဖြစ်သည်။ဓာတ်ပုံ YDF ထီးလင်း)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြစ်သာရေလှောင်တမံဒေသအတွင်း ကင်းလှည့်နေသော စစ်ကောင်စီတပ်ကို ပြင်းအားကောင်းသည့် မိုင်းသုံးလုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့ (YDF)က ထုတ်ပြန်သည်။

ယနေ့(မေ ၂၈ ရက်)နံနက် ၆နာရီခန့်ကတွင် တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ်အရ ဆိုင်ကယ်သုံးစီး နှင့် ကားသုံးစီးပါ စစ်ကောင်စီအုပ်စုကို ကြိုတင်ပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဟု YDF တာဝန်ရှိသူက ဆိုသည်။

“ကျွန်တော်တို့ ပြင်ဆင်ပြီး သားမိုင်းတွေပါ။ နောက်လည်း ပြင်ဆင်ထားတာတွေရှိပါသေး တယ်။ဒီနေ့ တိုက်ခိုက်မှုမှာ ရန်သူစစ်တပ်ရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲပါ”ဟု ၎င်းက People’s Spring သို့ ပြောသည်။

Public Service Announcement

ဖောက်ခွဲခဲ့သည့် ပြင်အားမြင့် မိုင်းသုံးလုံး၏ ပေါက်ကွဲသံမှာ (၁၅) မိုင်ခန့်အထိကျယ်လောင်စွာကြားရကြောင်းလည်း YDF က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယနေ့တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်သည် မေလ ၂၆ ရက်က မြစ်သာတမံဧည့်ရိပ်သာရှိ PDFနှင့်YDFစခန်းများရှိရာသို့ ရဟတ် ယာဉ် ငါးစီးခန့်အသုံးပြုကာ လက်နက် ကြီးလက်နက် ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် တပ်စွဲလာသည့်အဖွဲ့ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အင်အား ၁၀၀ခန့် ရှိသော စစ်ကောင်စီတပ်သည် မေလ ၂၆ ရက် ညနေပိုင်းကစ၍ မြစ်သာဆည်တစ်ဝိုက်တွင် တပ်စွဲခဲ့ကာ တိုက်ခိုက်ရေးရဟတ်ယာဥ်တစ်စီးပါ အရန်သင့်ထားရှိထားသည်ဟု ဂန့်ဂေါမြို့နယ်မှ စစ်ရေးသတင်းရင်းမြစ်များ​က ဆိုသည်။

အကြမ်းဖက်စစ်တပ်၏ ရဟတ်ယာဥ်များဖြင့် တိုက်ခိုက်မှုတွင် ရဲဘော် ခုနှစ်ဦးထက်မနည်းကျဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှုများအချိန်မရွေးဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့်လည်း လေကြောင်းရန် အန္တရာယ်ကို အထူးသတိပြုနေထိုင်ရန် ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။