Connect with us

Hi, what are you looking for?

သတင်း

အရာ​တော်တွင် စစ်​ကောင်စီတပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်အကြမ်းဖက်၍ ​ဒေသခံများထွက်​ပြေး​နေရ

“စကစတွေက ရွာဝင်လာရင်ကို အရင်လက်နက်ကြီးတွေနဲ့ထုပါတယ်ဗျနောက်မီးရှို့ပါတယ်။ အရာတော်မြောက်နယ် အုပ်ရှစ်ကြီး ၊ လိမ်လှ စတဲ့ရွာတွေဘက်မှာဗျ”ဟု Ayadaw Bone Naing- A.B.N PDF အဖွဲ့ တာဝန်ရှိသူကပြောသည်။

(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)
(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်မြောက်ပိုင်းတွင်စစ်ကောင်စီတပ်ကရွာအတွင်းဝင်သည်နှင့်လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ကျေးရွာနှစ်ရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်းဒေသခံများကပြောသည်။

အရာတော်မြို့နယ်မြောက်ပိုင်းသို့ စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်သည်ယနေ့ (မေလ၂၉ ) မွန်းတည့် ၁၂ နာရီခန့်က ဟင်္သာကျေးရွာနှင့် လိန်လှ‌ကျေးရွာများ အနီးသို့ ရောက်ရှိလာပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)
(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)

“စကစတွေက ရွာဝင်လာရင်ကို အရင်လက်နက်ကြီးတွေနဲ့ထုပါတယ်ဗျနောက်မီးရှို့ပါတယ်။ အရာတော်မြောက်နယ် အုပ်ရှစ်ကြီး ၊ လိမ်လှ စတဲ့ရွာတွေဘက်မှာဗျ”ဟု Ayadaw Bone Naing- A.B.N PDF အဖွဲ့ တာဝန်ရှိသူကပြောသည်။

Public Service Announcement

ရွာခံပြည်သူများက နွားလှည်းများ၊ ဆိုင်ကယ်များ၊ ခြေလျင်အစရှိသဖြင့် ရုတ်တရက် တိမ်းရှောင်ထွက်ပြေးခဲ့ရကြောင်း၊ လူသားဒိုင်းအဖြစ်တွေ့ရာ ဒေသခံအချို့ကို ဖမ်းဆီးခေါ်လာပြီး လိန်လှရွာသား(၄)ဦး ဖမ်းဆီးခံထားရသည်ဟု သိရသော်လည်း အတည်မပြုနိုင်သေးကြောင်း အရာတော်ပို့စ်က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)
(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)

“အရာတော်မြောက်အရပ်တွေက ‌လယ်ယာစိုက်ခင်းသမားတွေချည့်ပါ။ အနည်းဆုံးဆန်စပါး မျိူးစေ့ပေါင်းစုံဆုံးရှုံးနိုင်တယ်။ အကုန်လုံးပြေးနေရတယ်”ဟု အရာတော်နယ်ခံတစ်ဦးကပြောသည်။

(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)
(ထွက်​ပြေးတိမ်း​ရှောင်​နေ​ရ​သော စစ်​ဘေး​ဒုက္ခသည်များ။ဓါတ်ပုံ-နိုက်တင်ဂေး)

အကြမ်းဖက်စစ်တပ်သည် ယမန်နေ့ကလည်း အရာတော် – ဒီပဲယင်းနယ်စပ်နှင့် အုပ်ရှစ်ကြီး၊ သစ်ချိုကျေးရွာများကို စီးနင်းမီးရှို့ဖျက်ဆီးခဲ့သေးသည်။

အရာတော်မြောက်ပိုင်းနယ်၌ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းနှင့်ဒေသခံတော်လှန်ရေးအင်အားစုများထိတွေ့မှုဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook