Connect with us

Hi, what are you looking for?

သတင်း

ဝင်းရေးမြို့နယ်ထဲ ဒီမနက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေ

ကေအဲန်ယူ-ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံလူထု (၁၀၀၀၀)နီးပါးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

ဝင်းရေးမြို့နယ် တိုက်ပွဲ
ဝင်းရေးမြို့နယ် တိုက်ပွဲ

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဝင်းရေးမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလှုပ်ရှားမှုတွေ ထပ်လုပ်တာကြောင့် ဒီကနေ့မနက်ပိုင်းက တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ မေလ ၃၀ ရက် မနက် ၈ နာရီအချိန်ခန့်က စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး ဒေသခံပြည်သူလူထုတွေအနေနဲ့ ဘေးကင်းလုံခြုံတဲ့နေရာမှာ နေထိုင်ကြဖို့၊ အသွားအလာဆင်ခြင်သတိပြုကြဖို့ ဝင်းရော်ဒေသနွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီတပ်ဟာ ဝင်းရော်လမ်းမကြီးဖြစ်တဲ့ လှကဇိုင်း-တော့ပလော့-ဘုရားငါးဆူ-ခလယ်တံခွန်တိုင်လမ်းအတိုင်း စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဒေသခံပြည်သူတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးမှုတွေရှိကာ လတ်တလောမှာတော့ ခလယ်ဘုန်းကြီးကျောင်းအတွင်းမှာ တပ်စွဲနေရာယူထားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကောင်စီတပ်ဟာ တံခွန်တိုင်ရဲစခန်းဘက်ကို သွားရောက်မှာဖြစ်ပြီး ဒီလိုတပ်အင်အားတွေ ထပ်မံတိုးချဲ့လာလို့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ မေလ ၂၉ ရက်နေ့ကလည်း တံခွန်တိုင်ရဲစခန်းအတွင်းကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ နန်းသိုင်းထွန်းကျေးရွာထဲက အသက်(၃၀)ကျော်အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ရပြီး အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ရွာသားတွေဆီကနေ သိရပါတယ်။

ကေအဲန်ယူ-ဝင်းရေးမြို့နယ် ခလယ်တံခွန်တိုင်ကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲကြောင့် ဒေသခံလူထု (၁၀၀၀၀)နီးပါးဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ရေးအင်အားသုံးပြီးအတင်းအကျပ်ဖန်တီးထားတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေဟာစစ်မှန်တဲ့ငြိမ်းချမ်းရေးဖြစ်လာမှာမဟုတ်ဘူးလို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာကရင်အမျိုးသားအစည်းအရုံး( KNU) တရားရေးဌာနရဲ့ ဌာနကြီးမှုး ပဒိုနော်လွဲထူးစေးက ပြောလိုက်ပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

Facebook