Connect with us

Hi, what are you looking for?

သတင်း

ကရင်နီ(ကယား)ပြည်အတွင်း အစာအာဟာရ ပြတ်လပ်မှုကြော​င့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအသက်အန္တရာယ်ဆုံးရှုံးမှုပိုများလာမည်ဟု သတိ​ပေး

လက်ရှိတွင် မိုးဗြဲ၊ဖယ်ခုံမြို့နယ်ရှိ စစ်ဘေး ရှောင်နေရသော ပြည်သူများအားထည့်သွင်း တွက်ချက်မှုအရ ကရင်နီ(ကယား)ပြည်နယ် တွင် စစ်ဘေးရှောင်ပြည်သူ ၂၁၀,၀၀၀ ကျော်ရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောကြားထားသည်။

(ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ အားတွေ့ရစဥ်)
(ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ အားတွေ့ရစဥ်)

ကရင်နီ(ကယား)ပြည်နယ်အတွင်း အစာအာဟာရ ပြတ်လပ်မှုကြော​င့် စစ်ဘေးရှောင်နေရသည့် ပြည်သူများအသက်အန္တရာယ်ဆုံးရှုံးမှုပိုများလာမည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ဒါရိုက်တာ ဦးဗညားက ပြောသည်။

ယနေ့(မေ ၃၀ ရက်)က ပြုလုပ်ခဲ့သည့် ကရင်နီပြည်နယ် ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း သတင်းစာရှင်းလင်းပွဲ၌ ၎င်းက အထက်ပါအတိုင်း အသိပေး​ပြောကြားသည်။

“စစ်ကြောင့်တိုက်ပွဲကြောင့် လက်နက်ကြီးကြောင့် သေဆုံးမှုက နည်းသွားပြီးတော့မှ အစာအာဟာရ ပြတ်လပ်မှုကြောင့်၊မလုံလောက်မှုကနေ အသက်အန္တရာယ် ဆုံးရှုံးတာတွေ ဖြစ်ကိုဖြစ်မယ်။အဲဒါကို ပြောခြင်းဟာ ပြင်ဆင်ခြင်းဖြစ်တယ်။အဲဒီဟာကို မကူညီဘူးဆိုရင်တော့ နိုင်ငံတကာအဖွဲ့အစည်းဖြစ်စေ၊ UN ဖြစ်စေ က ကရင်နီပြည်နယ်မှာ ပြည်သူတွေသေဆုံးမှုကို လက်သင့်ခံတယ်။တစဖက်တစ်လမ်းကနေ အားပေးအားမြှောက်ပြုတယ်ပဲ ပြောချင်တယ်”ဟု ဦးဗညားက ရှင်းပြသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီက ရပ်ရွာများအပါအဝင် စိုက်ပျိုးမြေ များ၌ပါ မြေမြှုပ်မိုင်း၊နင်း မိုင်း၊တိုက်မိုင်းများ အသုံးပြုခဲ့ခြင်းကို မရှင်းလင်းနိုင်သေးသည့်အတွက် ဒေသခံများနေရပ်ပြန်ရန် အခက်အခဲများစွာရှိသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

(ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ အားတွေ့ရစဥ်)
(ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ အားတွေ့ရစဥ်)

အကျိုးဆက်အနေဖြင့် ပြည်နယ်အတွင်းစိုက်ပျိုးရေးလုပ်ငန်းများရပ်နားထားရပြီး ပြည်တွင်း၊ပြည်ပ အလှူရှင်များ၏ ထောက်ပံ့မှုများဖြင့်သာ ရပ်တည်နေရကြောင်းလည်း ကရင်နီလူ့အခွင့် အရေးအဖွဲ့ဒါရိုက်တာက ဆိုသည်။

“ကျွန်တော်တို့အနေနဲ့ IDP စခန်းတွေကို သွားကြည့်တယ်။ကော်မတီအလိုက် စားနပ်ရိက္ခာကောက်ယူခဲ့တဲ့ စာရင်းအရ လာမယ့် နှစ်လ၊သုံးလဆိုရင် စားနပ်ရိက္ခာပြတ်လပ်မှု Outbreak တွေ ဝင်ပါတော့မယ်။စားနပ်ရိက္ခာထောက်ပံ့ဖို့က ကျွန်တော်တို့ပြည်နယ်မှာ အရမ်းလိုအပ်နေတယ်”ဟု ၎င်းက ပြောသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်က ပြည်နယ်အတွင်း ဆေးဝါးတင်သွင်းခွင့်ကို ၎င်းတို့ထောက်ခံချက်ဖြင့်သာ ခွင့်ပြုပေးခြင်းမှာလည်း စစ်ဘေးရှောင်စခန်းများအတွက် အခက်အခဲများစွာရှိနေသည်။

“စစ်ဘေးရှောင်အရမ်းများတော့ ဝန်ဆောင်မှုပေးတာရယ် ဆေးဝါးအခက်အခဲရယ် အရမ်းများတယ်။ပြီးခဲ့တဲ့ လေးငါးရက်ကပဲ ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်ကလေးကယ်တစ်ဦးသေ ဆုံးသွားခဲ့ရတယ်။ဒါက ဘာမှ ကိုထူးထူးထွေထွေမရှိဘဲ အလွယ်တကူကုသလို့ရနိုင်တဲ့ အခြေအနေမှာ သေဆုံးရတယ်ဆိုတာက ဒီထက်ပိုဆိုးရွားတဲ့ နာတာရှည်နဲ့ ကူးစက်ရောဂါ ဖြစ်မယ်ဆိုရင် ဘယ်လောက်သေနိုင်မယ်ဆိုတာ တွက်ချက်လို့ရမှာပါ”ဟု ကရင်နီလူမှုအသင်း အဖွဲ့များကွန်ရက် KCSN ဒါရိုက်တာ ကိုနီက ပြောသည်။

(ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ အားတွေ့ရစဥ်)
(ကရင်နီပြည်နယ်ရှိ စစ်ဘေးရှောင် ပြည်သူများ အားတွေ့ရစဥ်)

လက်ရှိတွင် မိုးဗြဲ၊ဖယ်ခုံမြို့နယ်ရှိ စစ်ဘေး ရှောင်နေရသော ပြည်သူများအားထည့်သွင်း တွက်ချက်မှုအရ ကရင်နီ(ကယား)ပြည်နယ် တွင် စစ်ဘေးရှောင်ပြည်သူ ၂၁၀,၀၀၀ ကျော်ရှိကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောကြားထားသည်။

ထို့အပြင် အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယခုလ ၂၈ ရက်အထိ စစ်ကောင်စီ၏ သတ်ဖြတ်ခံရမှုနှင့်စစ်ဘေးရှောင်နေစဥ် ဆေးဝါးနှင့် စားနပ်ရိက္ခာမလုံလောက်၍ ကရင်နီပြည်နယ် ၌ သေဆုံးသွားခဲ့ရသောအရပ် သားပြည်သူ ၂၆၃ ဦးထက်မနည်းရှိကြောင်း တိုး တက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ အကြောင်းမဲ့ သတ်ဖြတ်မှုနှင့် လက်နက် ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သားပြည်သူစာရင်းအရ ဒီးမော့ဆိုမြို့နယ်တွင် ၈၃ ဦး၊လွိုင်ကော်မှ ၇၄ ဦး၊ ဖရူဆိုမှ ၄၆ ဦး၊ဖယ်ခုံမှ ၃၁ ဦးနှင့် ဘောလခဲမြို့နယ်မှ ငါးဦး သေဆုံးခဲ့သည်။

ထို့အတူ စစ်ဘေးရှောင်စဥ် သေဆုံးခဲ့သည့် ပြည်သူများအနက် ဒီးမော့ဆိုမှ ၁၅ ဦး၊လွိုင်ကော်မှ လေးဦးနှင့် ဖယ်ခုံ မြို့နယ်မှ ငါးဦး ပါဝင်သည်။

အဆိုပါ အရေအတွက်ထက် မြေပြင်တွင် ယခုထက်ပိုနိုင်ကြောင်းလည်း PKPF က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...

သတင်း

မန္တလေးဒေသ စစ်ဘေးရှောင်ပြည်သူ​တွေကနှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။