Connect with us

Hi, what are you looking for?

သတင်း

အရပ်သားပြည်သူများအားခြိမ်းခြောက်ခြင်း၊ပစ်မှတ်ထားတိုက်ခိုက်ခြင်းမပြုရန် NUG စစ်သည်တော်ကျင့်ဝတ်၌ တားမြစ်ထား

အကြမ်းဖက်စစ်ကောင်စီသည် တိုင်းရင်းသားလက်နက် ကိုင်များနှင့် တော်လှန်ရေး အင်အားစုများကို အပြစ်ပုံချသည့် လုပ်ရပ်များစွာ သာဓက ရှိခဲ့ပြီးဖြစ်ရာ ပြည်သူ လူထုအနေဖြင့် အသိ၊ သတိရှေ့ထား၍ နေထိုင် သွားကြရန်လည်း NUGက နှိုးဆော်သည်။

(ယ​နေ့ ဘားလမ်းမှတ်တိုင်၌ ​ပေါက်ကွဲမှုဖြစ်ပြီး​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ယ​နေ့ ဘားလမ်းမှတ်တိုင်၌ ​ပေါက်ကွဲမှုဖြစ်ပြီး​နောက် ​တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

အမျိုးသားညီညွတ်ရေးအစိုးရ၏ စစ်သည်ကျင့်ဝတ်တွင် အရပ်သားပြည်သူများအားခြိမ်းခြောက်ခြင်း၊ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရန်တားမြစ်ထားပြီး စစ်အာဏာ ရှင်စနစ်၏ ယန္တရားများကိုသာချေမှုန်းရမည်ဟု ပြဌာန်းထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန် သည်။

ရန်ကုန်မြို့ ဘားလမ်းကားမှတ်တိုင် လူစည်ကားရာနေရာတွင် ယနေ့မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲရာ အရပ်သားပြည်သူ (၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှုများရှိခဲ့သည့်ဖြစ်စဉ် နှင့်ပတ်သက်၍ အဆိုပါအကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

NUG ကာကွယ်ရေးဝန်ကြီးဌာနသည် စစ်သည်တော်ကျင့်ဝတ်စည်းမျဉ်း(Code of Conduct)ကို စနစ်တကျ ထားရှိပို့ချထားရုံသာမက လိုက်နာရန် ပျက်ကွက်မှုများရှိပါကလည်း ထိရောက်စွာ အရေးယူဆောင်ရွက်နေကြောင်း ထုတ်ပြန်သည်။

ထို့အပြင် NUG သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် ယခုကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်သည့် အကြမ်းဖက်လုပ်ရပ်များအား တရားမျှတမှုပြန်လည်ရရှိစေရေးအတွက် စုံစမ်းစစ်ဆေးဖော်ထုတ်အရေးယူသည့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

သမိုင်းကြောင်းတလျောက် မိမိတို့အာဏာတည်မြဲရေးအတွက် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထင်သလိုပြုမူခဲ့၊ပြုမူလျက်ရှိသည့် အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပျူစောထီး၊ သွေးသောက်အဖွဲ့ စသည့် အစွန်းရောက်လက်ပါးစေအဖွဲ့များ မွေးမြူကာ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုင်းရင်းသားလက်နက် ကိုင်များနှင့် တော်လှန်ရေး အင်အားစုများကို အပြစ်ပုံချသည့် လုပ်ရပ်များစွာ သာဓက ရှိခဲ့ပြီးဖြစ်ရာ ပြည်သူ လူထုအနေဖြင့် အသိ၊ သတိရှေ့ထား၍ နေထိုင် သွားကြရန်လည်း NUGက နှိုးဆော်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။