Connect with us

Hi, what are you looking for?

သတင်း

ဟားခါး​ဒေသကို CDF(ဟားခါး)နှင့် CNF/CNAတိူ့ပူး​ပေါင်း၍ မဏ္ဠိုင်သုံးရပ်ကိုတာဝန်ယူသွားမည်ဟုထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ဟားခါးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအတွက် ဟားခါးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို CDF-ဟားခါးကောင်စီအဖြစ်စုစည်းရန် မေ ၁ ရက် ကသဘောတူခဲ့ပြီးဖြစ်သည်ဟုလည်းပါရှိသည်။

ဟားခါး
ဟားခါး

ချင်းပြည်နယ်၊ ဟားခါးဒေသကိုCDF(ဟားခါး) ကောင်စီသည် ချင်းအမျိုးသားတပ်ဦး (CNF/A)ဖြင့် ပူးပေါင်း၍ ကာကွယ်ရေး၊လုံခြုံရေး၊ ဥပဒေပြု၊ အုပ်ချုပ်ရေးနှင့် တရားစီချင်တို့ကို တာဝန်ယူဆောင်ရွက်သွားမည်ဟုCDF(ဟားခါး)ကောင်စီက မေ ၃၁ ရက်က ထုတ်ပြန်သည်။

ဟားခါးမြို့နယ်အတွင်းရှိ MiE (မိုင်) ဒေသ၊ Senthang (ဆန်တောင်) ဒေသ၊ Zokhua (ဇိုခွား) ဒေသနှင့် Hakha (ဟားခါး) မြို့ပေါ်ဒေသလေးခုအတွက် CDF(ဟားခါး) ကောင်စီကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး CDF(ဟားခါး)သည်သာ ထိုဒေသများအတွင် တော်လှန်ရေးကာလအတွင်း တရားဝင်အဖွဲ့အစည်းဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

CDF ဟားခါး၏ ထုတ်ပြန်ချက်
CDF ဟားခါး၏ ထုတ်ပြန်ချက်

အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ဖြုတ်ချရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် ဟားခါးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအတွက် ဟားခါးမြို့နယ်အတွင်း တော်လှန်ရေးအင်အားစုများကို CDF-ဟားခါးကောင်စီအဖြစ်စုစည်းရန် မေ ၁ ရက် ကသဘောတူခဲ့ပြီးဖြစ်သည်ဟုလည်းပါရှိသည်။

“ပြည်သူအုပ်ချုပ်ရေးဆိုတာစစ်တပ်နဲ့လက်နက်ကိုင်ကပြည်သူတွေအုပ်ချုပ်ရေးအောက်မှာပဲရှိရမှာ။အခုကလက်နက်ကိုင်က အာဏာ၃ခုလုံးကို ယူမယ်ဆိုတာ စစ်အုပ်ချုပ်ရေး ပုံစံမို့လို ဒီမိုကရေစီနဲ့ အတော်လွဲနေပါတယ်”ဟု ပြည်ပရောက်ဟားခါးဒေသခံတစ်ဦးကပြောသည်။ အုတ်ချုပ်​ရေး၊ဥပ​ဒေပြု​ရေး ၊တရားစီရင်​ရေးတို့တွင်သင့်​တော်​သော အရပ်သားပညာရှင်များ၊​ရွေး​ကောက်ခံကိုယ်စားလှယ်များကိုပါ ထည့်သွင်းသင့်​ခြင်း၊တာဝန်​ပေးခြင်းများပြုလုပ်သင့်ကြောင်း​ဒေသခံတစ်ဦးကလည်အကြံပြုသည်။

Public Service Announcement

Public Service Announcement

CDF(ဟားခါး)ကောင်စီကစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီနှင့်စစ်တပ်သည့် အကြမ်းဖက်အဖွဲ့အစည်းများသာဖြစ်ပြီး ၎င်းတို့ဆောင်ရွက်ချက်များ
သည် တရားဝင်မှုမရှိဟုလည်း​ဖော်ပြထားသည်။

ထိုအတူ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီးတော်လှန်ရေးပြီးဆုံးသည်အထိ အကြမ်းဖက်စစ်ကောင်စီဘက်မှဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းမှန်သမျှသည်တရားဝင်မှုမရှိကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနှင့်ကုမ္ပဏီများကို အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကာ CDF(ဟားခါး)ကောင်စီက အရေးယူသွားမည်ဟုလည်းပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) တပ်ဦးချုပ်နဲ့ တပ်ဖွဲ့ဝင်တွေ ကျဆုံးမှုအပေါ် ဝမ်းနည်းကြောင်း ချင်းတော်လှန်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF)က ဩဂုတ် ၂၂ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကျန်ရစ်သူမိသားစုဝင်များ၊ CDF-အရှိုနဲ့တကွ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်မှာ ချင်းပြည်ကောင်စီ ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေတယ်လို့ ချင်းပြည်ကောင်စီအဖွဲ့ဝင် ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

Facebook