Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲမလျော်သြဇာသုံးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီစွဲချက်တင်

စစ်အုပ်စုဟာ ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲမှာမသမာမှု လုပ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲတာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဒေါ်အောင်ဆန်းစုကြည်

၂၀၂၀အထွေထွေရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ သုံးတယ်ဆိုပြီး သမ္မတ ဦးဝင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီး ဦးမင်းသူတို့ကို ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ မနေ့ က စစ်ကောင်စီတရားရုံးက စွဲချက်တင်လိုက်ပါတယ်။

စစ်အုပ်စုဟာ ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းပြကာ အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲမှာမသမာမှု လုပ်တယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲတာဖြစ်ပါတယ်။

တရားလိုကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်လို့သိရပါတယ်။

စွဲချက်တင်လိုက်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၁၃၀ (က) ဟာ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိချလို့ရသလို ငွေဒဏ်လည်းချနိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

လတ်တလောအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ပုဒ်မ ၆ ခုအတွက် ထောင်ဒဏ် ၁၁ နှစ် ချထားပြီး တစ်ဒါဇင်ကျော်အမှုတွေနဲ့ ဆက်လက်တရားစွဲထားဆဲဖြစ်ပါတယ်။

ဓာတ်ပုံ − AP

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဆောင်းပါး

ဂျာမနီ၏ ရွှေ့ပြောင်းနေထိုင်မှု အပြောင်းအ လဲနဲ့ အာရှကျောင်းသား​တွေရဲ့ အိပ်မက်

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။