Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံ – လွိုင်ကော် လမ်းပိုင်းတွင် စစ်​ကောင်စီ ထုတ်ကုန် ဒဂုန်ဘီယာဖာ ၁၂၀ကျော် စစ်ဆေးတွေ့ရှိ၍ ပူးပေါင်းအဖွဲ့ဖျက်ဆီး

ယနေ့(ဇွန် ၄ ရက်) နံနက် ၁၁နာရီခန့်က တားမြစ် ထုတ် ကုန်သယ်ဆောင်လာသည့် မော်တော်ယာဥ်ကို ဆောင်ကန်းလမ်းခွဲအနီး ဖယ်ခုံPDFတပ်ရင်း – ၂ ၊ KNDF တပ်ရင်း – ၃တို့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

PEKHON PDF
PEKHON PDF

ဖယ်ခုံ – လွိုင်ကော် ကားလမ်းမကြီးအတိုင်း ဖယ်ခုံဘက်မှလွိုင်ကော်မြို့ဘက်သို့ မောင်းနှင်လာသော
ခြောက်ဘီးယာဥ်ပေါ် စစ်​ကောင်စီ၏ ထုတ်ကုန် ဒဂုန်ဘီယာဖာ ၁၂၀ကျော် စစ်ဆေးတွေ့ရှိ၍ ပူးပေါင်းအဖွဲ့မှ ဖျက်ဆီးခဲ့ကြောင်း PEKHON PDF တပ်ရင်း – ၂က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၄ ရက်) နံနက် ၁၁နာရီခန့်က တားမြစ် ထုတ် ကုန်သယ်ဆောင်လာသည့် မော်တော်ယာဥ်ကို ဆောင်ကန်းလမ်းခွဲအနီး ဖယ်ခုံPDFတပ်ရင်း – ၂ ၊ KNDF တပ်ရင်း – ၃တို့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် အနေဖြင့် စစ်​ကောင်စီထုတ်ကုန်များ သယ်ဆောင်ခြင်း၊ရောင်း ဝယ်ဖောက်ကားခြင်းများတွေ့ရှိပါကထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။