Connect with us

Hi, what are you looking for?

သတင်း

ဖယ်ခုံ – လွိုင်ကော် လမ်းပိုင်းတွင် စစ်​ကောင်စီ ထုတ်ကုန် ဒဂုန်ဘီယာဖာ ၁၂၀ကျော် စစ်ဆေးတွေ့ရှိ၍ ပူးပေါင်းအဖွဲ့ဖျက်ဆီး

ယနေ့(ဇွန် ၄ ရက်) နံနက် ၁၁နာရီခန့်က တားမြစ် ထုတ် ကုန်သယ်ဆောင်လာသည့် မော်တော်ယာဥ်ကို ဆောင်ကန်းလမ်းခွဲအနီး ဖယ်ခုံPDFတပ်ရင်း – ၂ ၊ KNDF တပ်ရင်း – ၃တို့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

PEKHON PDF
PEKHON PDF

ဖယ်ခုံ – လွိုင်ကော် ကားလမ်းမကြီးအတိုင်း ဖယ်ခုံဘက်မှလွိုင်ကော်မြို့ဘက်သို့ မောင်းနှင်လာသော
ခြောက်ဘီးယာဥ်ပေါ် စစ်​ကောင်စီ၏ ထုတ်ကုန် ဒဂုန်ဘီယာဖာ ၁၂၀ကျော် စစ်ဆေးတွေ့ရှိ၍ ပူးပေါင်းအဖွဲ့မှ ဖျက်ဆီးခဲ့ကြောင်း PEKHON PDF တပ်ရင်း – ၂က ထုတ်ပြန်သည်။

ယနေ့(ဇွန် ၄ ရက်) နံနက် ၁၁နာရီခန့်က တားမြစ် ထုတ် ကုန်သယ်ဆောင်လာသည့် မော်တော်ယာဥ်ကို ဆောင်ကန်းလမ်းခွဲအနီး ဖယ်ခုံPDFတပ်ရင်း – ၂ ၊ KNDF တပ်ရင်း – ၃တို့က စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် အနေဖြင့် စစ်​ကောင်စီထုတ်ကုန်များ သယ်ဆောင်ခြင်း၊ရောင်း ဝယ်ဖောက်ကားခြင်းများတွေ့ရှိပါကထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့နယ်က စစ်တပ်စခန်းကုန်းတစ်ခုကို ပြန်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ)တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။