Connect with us

Hi, what are you looking for?

သတင်း

ကရင်နီပြည်၌ ဇွန်လပထမပတ်အတွင်းတိုက်ပွဲများတွင် စစ်​ကောင်စီတပ် ၂၆ဦး​သေ

ဖရူဆိုမြို့နယ်တွင်လည်း ဘောလခဲမှ ဖရူဆိုမြို့သို့ ဦးတည်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်အစီးရေ ၄၀ပါ ထောက်ပို့ယာဥ်တန်းကို ဇွန်လ၁ ရက်မှ ၃ ရက်အထိ ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ လောကျေခူနှင့် မာခရော်ရှေးကျေးရွာတို့တွင် တိုက်ခိုက်ခဲ့သည်။

(ယခုလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ၌ KNDF မှ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများဖြစ်သည်။)
(ယခုလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ၌ KNDF မှ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများဖြစ်သည်။)

ကရင်နီ(ကယား)ပြည်နယ်၌ ယခုလပထမပတ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၂၆ဦးသေဆုံးကာ ရဲဘော်တစ်ဦးကျဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇွန် ၈ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်များအရ ဇွန်လ ၂ ရက်မှစ၍ လွိုင်လင်လေးမြို့နယ်၊ ထီးစဲခါးအုပ်စု၊ လင်ဖုံကြီးနှင့်ကုန်းမှီ ကျေးရွာဖက်သို့၊ အကြမ်းဖက်စစ်ကာင်စီတပ်များ စစ်ကြောင်းထိုးလာပြီး ၎င်းကျေးရွာရှိ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းနေအိမ်များကို မီးရှို့ခြင်းများပြုလုပ်ခဲ့သည့်အပြင်ကျေး ရွာများသို့ လက်နက်ကြီးများဖြင့် တစ်နေကုန်နီးပါး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(ယခုလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ၌ KNDF မှ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများဖြစ်သည်။)
(ယခုလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ၌ KNDF မှ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများဖြစ်သည်။)

အဆိုပါစစ်ကောင်စီတပ်များနှင့် ကရင်နီပူးပေါင်းတပ်တို့ ဇွန်လ ၂ရက်တွင် ကုန်းမှီကျေးရွာနှင့် ဇွန်လ၃ ရက်တွင်ဒေါတနောရေထွက်ပေါက်အနီး၌ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထို့အတူ စစ်ကောင်စီတပ်များသည် ဇွန်လ ၄ရက် လွိုင်ကော်မြို့ဘက်မှ ဒီးမော့ဆိုမြို့နယ်၊ဒေါပိုးစီဖက်နှင့် သေးဆူလဲကျေးရွာမှ ဟိုဖိတ်ကျေးရွာဖက်သို့ စစ်ကြောင်းနှစ်ကြောင်းထိုးခဲ့ရာ KNDFနှင့်ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

ဇွန်လ၅ရက်တွင် စံပြ(၆) မိုင်၊ဘက်တလင်ကျေရွာအတွင်းရှိနေအိမ်တွင် ခိုအောင်းနေသာ စစ်ကောင်စီတပ်များကို KNDF မှတိုက်ခိုက်ခဲ့သည်။

ထို့အတူ ဇွန်လ၆ ရက်တွင် ဒေါခလိုက်လင်း ကျေး ရွာတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF မှ ထပ်မံတိုက်ခိုက်ခဲ့ရာနှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

(ယခုလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ၌ KNDF မှ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများဖြစ်သည်။)
(ယခုလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ၌ KNDF မှ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများဖြစ်သည်။)

ဖရူဆိုမြို့နယ်တွင်လည်း ဘောလခဲမှ ဖရူဆိုမြို့သို့ ဦးတည်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်အစီးရေ ၄၀ပါ ထောက်ပို့ယာဥ်တန်းကို ဇွန်လ၁ ရက်မှ ၃ ရက်အထိ ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ လောကျေခူနှင့် မာခရော်ရှေးကျေးရွာတို့တွင် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ယာဥ်(၃) စီးမီးလောင်ခဲ့ပြီး၊ KNDF မှ လက်နက်အချို့နှင့် ယာဥ် (၂) စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

ယမန်နေ့ (ဇွန်၇ရက်)တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်ဘက်မှ မိုးဗြဲမြို့ဘက်သို့ စစ် ကြောင်းထိုးသဖြင့် မိုးဗြဲမြို့အဝင်ညောင်ဝိုင်းရပ်ကွက်အနီးတွင် KNDF၊ PDF ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ တစ်နေကုန် နီးပါးဖြစ်ပွားခဲ့သည်။

(ယခုလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ၌ KNDF မှ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများဖြစ်သည်။)
(ယခုလ ပထမပတ်အတွင်း စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲ၌ KNDF မှ သိမ်းဆည်းရမိခဲ့သော ပစ္စည်းများဖြစ်သည်။)

အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုးဗြဲမြို့ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲပြီး၊ ရပ်ကွက်နေပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးပြုကာ မိုးဗြဲမြို့ထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲ့သည်။

KNDF ၏ ရဲဘော်တစ်ဦးမှာ ဇွန်လ ၃ ရက်က ဒေါတနောရေထွက်ပေါက်တိုက်ပွဲအတွင်း အကြမ်း ဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း၊ ကျဆုံးခဲ့ခြင်းဖြစ်ကာ ကျဆုံးသွားသောရဲဘော်အား KNDFမှ အာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။