Connect with us

Hi, what are you looking for?

သတင်း

တမူးနှစ်ရက်ဆက်တိုက်ပွဲ စစ်​ကောင်စီတပ်​သေဆုံးထိ့ခိုက်မှုများ ၊ PDF တစ်ဦးကျဆုံးပြီး ၃ ဦးဒဏ်ရာရ

“ယနေ့ တစ်ရက်သာစစ်တပ်ကုန်းအနီး ၊မြေနီကုန်းအနီး၊ လေးမိုင်အနီး ပြည်သူနေအိမ်များရှောင်ရှားပေးကျပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်”ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦးက ပြည်သူလူထုကို မေတ္တာရပ်ခံထားသည်။

တမူး PDF တပ်ရင်း ၃ တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-တမူးPDF
တမူး PDF တပ်ရင်း ၃ တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-တမူးPDF

တမူးမြို့တွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ရက်တိုက်ပွဲပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်ဘက်မှ ​သေဆုံးဒဏ်ရာရရှိမှုအများအပြားရှိခဲ့ပြီး PDF တစ်ဦးကျဆုံးခဲ့ကြောင်း PDF(တမူး) တပ်ရင်း-၃ က ယနေ့ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များနှင့် PDF (တမူး)တို့သည် ဇွန် ၇ ရက်နှင့် ၈ ရက်နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်က ​သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ခြင်းဖြစ်သည်ဟု PDF(တမူး) တပ်ရင်း (၃ )ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ သို့​သော်စစ်​ကောင်စီတပ်မှ​သေဆုံးဒဏ်ရာရ​​သောအ​ရေအတွက်ကိုမူအတည်မပြုနိုင်​သေး​ပေ။

စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ

PDF(တမူး) တပ်ရင်း-၃ စစ်ကြောင်းသည် ရန်လင်းဖိုင်ကျေးရွာတွင် ကင်းပုန်းဝတ်နေယူထားချိန်တွင် ခွန်မွန်းနွန်ကျေးရွာမှ အင်အားအလုံးအရင်းဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများဖြင့် ဇွန် ၈ ရက် မနက် ၁၀နာရီတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ပွဲသည်အလွန်ပြင်းထန်ပြီးဝိတုန်ကျေးရွာနှင့်ခွန်မွန်းနွန်ကျေးရွာတွင်နေရာယူထားသည့် စစ်ကောင်စီတပ်မှ၄၀ မမ၊ ၆၀ မမ ၊ ၈၀ မမနှင့် RPGများဖြင့် ရန်လင်းဖိုင်ကျေးရွာကို ပစ်ခတ်ခဲ့သည်ဟုထြတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူ့​နေအိမ်အချို့ ပျက်စီး​နေမှု ။ ။ဓါတ်ပုံ-CJ

ထိုသို့ပစ်ခတ်ပြီး နန်မွန်းတားနှင့် ခွန်မွန်းနွန်ရွာတွင် နေရာယူထားသည့်စစ်ကောင်စီတပ်များသည်ခြေလျင်စစ်ကြောင်းဖြင့် ရန်လင်းမိုင်ရွာသို့ စစ်ကား၁၀ စီးနှင့်အတူ ချီတက်လာခဲ့သည်။ အဆိုပါစစ်​ကြောင်းကို PDF များကြားဖြတ်တိုက်ခိုက်ရာ ရန်လင်းဖိုင်ဘုရား​ကျောင်းလမ်းအ​ရှေ့နှင့် အာရှအ​ဝေး​ပြေးလမ်း​ပေါ်တွင် ရပ်တန့်သွားပြီးအနီးရှိ ဘုရားကျောင်းနှင့် လူနေအိမ်များတွင် ခြေကုတ်ယူပြီး လက်နက်ကြီး/လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်ခဲ့သည်။ ထိုခြေကုတ်ဝင်ထားသည့်နေရာများကို PDF(တမူး)က ဝင်ရောက်တိုက်ခိုက်ရှင်းလင်းခဲ့သည်ဟုသိရသည်။ဇွန် ၈ ရက်တိုက်ပွဲသည်နံနက် ၁၀နာရီမှ ညနေ ၆နာရီခွဲအထိ ပြင်းထန်ခဲ့သည်။

ထိုတိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ​သေဆုံးဒဏ်ရာရသူများခဲ့ပြီး PDF (တမူး) တပ်ရင်း (၃ )မှ တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးကာသုံးဦးမှာမစိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်ဟုအသိ​ပေးသည်။

လက်ရှိတွင်လည်းတမူးမြို့တွင် စစ်ရေးတင်းမားလျက်ရှိသည်ဟု ဒေသခံကာကွယ်ရေးတပ်များက သတိပေးထားသည်။

စစ်​ကောင်စီတပ်ကပစ်ခတ်​သော လက်နက်ကြီးကျည်အစိတ်အပိုင်းတစ်ခု ။ ။ဓါတ်ပုံ-CJ
စစ်​ကောင်စီတပ်ကပစ်ခတ်​သော လက်နက်ကြီးကျည်အစိတ်အပိုင်းတစ်ခု ။ ။ဓါတ်ပုံ-CJ

“ယနေ့ တစ်ရက်သာစစ်တပ်ကုန်းအနီး ၊မြေနီကုန်းအနီး၊ လေးမိုင်အနီး ပြည်သူနေအိမ်များရှောင်ရှားပေးကျပါရန် လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည်”ဟု တမူး ပြည်သူ့ကာကွယ်ရေးတပ်မှ တပ်သားတစ်ဦးက ပြည်သူလူထုကို မေတ္တာရပ်ခံထားသည်။

ထိုအပြင်တမူးမြို့ စစ်ကောင်စီတပ်ဆွဲထားသည့် မြေနီကုန်းမှ စော်ဘွား ၄ ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က ယနေ့ မနက်ပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် နေအိမ် ၂ လုံးထပျက်စီးခဲ့သည်ဟုတမူးမြို့ခံများကပြောသည်။

ယမန့်နေ့ကလည်း စစ်ကောင်စီတပ်က ရန်လင်းဖိုင်ကျေးရွာသို့ လက်နက်ကြီးဖြင့် အချက် ၂၀ခန့်ပစ်ခတ်ခဲ့ပြီး နန်မွန်းတားရွာနှင့် ရန်လင်းဖိုင်ရွာရှိ နေအိမ်များမှပြည်သူလူထု၏ ပစ္စည်းများကို စစ်ကောင်စီတပ်က ဝင်ရောက်ခိုးယူခဲ့သည်ဟု ဒေသခံများကပြောသည်။

ယခုအခါ ရန်လင်းဖိုင်ရွာ၊ ပန်းသာရွာ၊စစ်တပ်ကုန်း၊မြေနီကုန်းတို့တွင် စစ်ရေးတင်းမာလျက်ရှိ​ကြောင်းဒေသခံများကပြောသည်။ လက်ရှိ တမူးမြို့တွင် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဘက်က PDF တမူး တပ်ရင်း-၃၊ တပ်ရင်း- ၂ ၊တပ်ရင်း-၄ ၊ BSO ၊ABSDF ၊ပကဖ တို့က ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။