Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်တွင် CDF နှင့်တိုက်ပွဲ စစ်​ကောင်စီတပ် ၉ဦး​သေ

တိုက်ပွဲမှာ နံနက် ၁၀ နာရီ မှ ၁၁နာရီအထိတစ်ကြိမ် ညနေ ၅ နာရီ မှ ၆ နာရီတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

CDF
CDF

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် အထက်လက်မွန်ရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ ဦးခန့်သေဆုံးပြီး ထိခိုက်ခိုက်ဒဏ်ရာရ ရှိသူများပြားနိုင်ကြောင်း CDF-Kanpetlet က ထုတ်ပြန်သည်။

ယနေ့ (ဇွန် ၉ ရက်)တွင် အင်အား ၁၈၅ဦးပါသော စစ်ကောင်စီစစ်ကြောင်းနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDF-Kanpetlet နှင့်အတူ The Youth Force (Saw,Kyaukhtu)၊ PDF (ညောင်ရမ်း) နှင့် Saw PDFတပ်ရင်း(၂)(YRPA)တို့မှ စစ်ကူပေး၍ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ နံနက် ၁၀ နာရီ မှ ၁၁နာရီအထိတစ်ကြိမ် ညနေ ၅ နာရီ မှ ၆ နာရီတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

CDF-Kanpetlet နှင့် ပူးပေါင်းတပ်ဖွဲ့ရဲဘော်များမှ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ကောင်စီတပ်သားများသည် ထိုလက်မွန်ရွာရှိ အိမ်မွေးတိရိစ္ဆာန်များအား ခိုးယူသတ်ဖြတ်စားသောက်ခဲ့ကြသည်ဟု CDF- Kanpetlet က ပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း၌အထိနာ​​နေသောစစ်ကောင်စီတပ်သားများသည် ကျေးရွာနေအပြစ်မဲ့ပြည်သူအများအ​ပြား အားဓားစာခံအဖြစ် ဖမ်းဆီထားကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

စစ်ကောင်စီတပ်သားများသည် အထက်လက်မွန်ကျေးရွာနားတွင်တပ်စွဲနေပြီး တိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း CDF -Kanpetletက ခန့်မှန်းသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။