Connect with us

Hi, what are you looking for?

သတင်း

အလယ်ခုံ​ရွာအနီးတိုက်ပွဲ စစ်ကောင်စီ​သေဆုံးမှုများဟု ကန့်ဘလူခရိုင်တပ်ရင်း(၂)​ပြော

ကန့်ဘလူမြို့နယ်မြောက်ခြမ်းဒေသရှိ ရွာများအားနေ့စဥ်မီးပတ်ရှို့နေသော စစ်ကောင်စီတပ် သည်ချပ်သင်းဒေသရှိအောက်တဲရွာအား ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

(ကန့်ဘလူတပ်ရင်း - ၂ မှ ရှေ့တန်းထွက်နေသည့် ရဲဘော်များအား ​တွေ့ရစဥ်)
(ကန့်ဘလူတပ်ရင်း - ၂ မှ ရှေ့တန်းထွက်နေသည့် ရဲဘော်များအား ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ဒေသ၊အလယ်ခုံ​ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိပြီး စစ်ကူလာသည့် ယာဥ်တန်းကို ထပ်မံတိုက်ခိုက်ရာ စစ်ကောင်စီတပ်​မှထိခိုက်သေဆုံးသူများပြားကြောင်း ကန့်ဘလူခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ရင်း(၂) က ထုတ်ပြန်သည်။

ယခုလ ၈ ရက် ​နေ့လည်ကစ၍ စစ်ကောင်စီစစ်ကြောင်းသည် လက်နက်ကြီးဖြင့် စတင်ပစ် ခတ်တိုက်ခိုက်ခံရပြီးနောက် ဒဏ်ရာရရှိသူများအားကူညီရန်ထွက်လာသော စစ်တပ်နှင့်ပျူစောထီးအဖွဲ့ဝင်များကို ယမန်နေ့ နံနက် ၈ နာရီခန့်က တပ်ကုန်းရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခံရသည်ဟု ဆိုသည်။

(ကန့်ဘလူတပ်ရင်း - ၂ မှ ရှေ့တန်းထွက်နေသည့် ရဲဘော်များအား ​တွေ့ရစဥ်)
(ကန့်ဘလူတပ်ရင်း – ၂ မှ ရှေ့တန်းထွက်နေသည့် ရဲဘော်များအား ​တွေ့ရစဥ်)

ထိုဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ နှစ်ဦး သေဆုံးပြီး​လေး ဦးထက်မနည်း ဒဏ်ရာရရှိကြောင်း ​ဖော်ပြသည်။

ထပ်မံ၍ နေ့လည် ၁၂ နာရီခွဲခန့်တွင် ကျွန်းလှမှချပ်သင်း​ကျေးရွာသို့ စစ်ကူထွက်လာသောစစ်ကောင်စီယာဥ်တန်း​ခြောက်စီးအား ဖလားရကျေးရ ကျေးရွာအနီးတွင်မဟာမိတ်တပ်ပေါင်းစုများမှစောင့် ကြိုတိုက်ခိုက်ရာနှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့ပြီးစစ်ကောင်စီဘက်မှသေဆုံး၊ဒဏ်ရာရများပြား (အတည်ပြုနေဆဲ)ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲအတွင်း ၎င်းတို့တပ်ရင်းမှ ရဲဘော် နှစ်ဦးတိုင်းပြည်အတွက်အသက်ပေးလှူခဲ့ပြီး တိုက်ပွဲ၌ ရဲရင့်စွာအသက်ပေးလှူသွားသောပြည်သူ့ရဲဘော်နှစ်ဦးအားအလေးနီပြုကြောင်း ကန့်ဘလူခရိုင်ပြည်သူ့ကာ ကွယ်ရေးတပ်ရင်း(၂)က ပြောသည်။

ကန့်ဘလူမြို့နယ်မြောက်ခြမ်းဒေသရှိ ရွာများအားနေ့စဥ်မီးပတ်ရှို့နေသော စစ်ကောင်စီတပ် သည်ချပ်သင်းဒေသရှိအောက်တဲရွာအား ယမန်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ကန့်ဘလူမြို့နယ်တွင်ရှိ ကိုးတောင်ဘို့၊ချပ်သင်း၊ချပ်ကြီး၊ပင့်သာဒေသရှိ ကျေးရွာပေါင်း၂၀ကျော်မှဒေသခံ နှစ်သောင်းကျော်မှာ စစ်ဘေးသင့်နေပြီး ဆေးဝါးရိက္ခာအကူအညီအလုံးစုံလိုအပ်လျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။