Connect with us

Hi, what are you looking for?

သတင်း

စစ်ဘေးရှောင် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မီးဖွားချိန်မှာအန္တရာယ်ရှိတဲ့အခြေအနေတွေ ရင်ဆိုင်နေရ

စစ်ကောင်စီဟာ ဆေးဝါးပစ္စည်းတွေ သယ်ယူပို့ဆောင်တာကို ပြင်းထန်စွာကန့်သတ်ထားပြီး စစ်ဘက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွေကိုလည်း တိုးမြှင့်ချထားခဲ့တဲ့အပြင် ဒေသခံရွာသားတွေသယ်ဆောင်လာတဲ့ ဆေးဝါးပစ္စည်းတွေကိုလည်း စစ်ကောင်စီက သိမ်းယူတာတွေရှိလို့ ရွာသားတွေက လျှို့ဝှက်စွာ သယ်ယူပို့ဆောင်ကြရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်
စစ်ဘေးရှောင်

စစ်အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာပြည်အရှေ့တောင်ပိုင်းက မိခင်နဲ့ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုကျဆင်းခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မီးဖွားတဲ့အချိန်မှာ အန္တရာယ်ရှိတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) အစီရင်ခံစာကနေ သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ကူညီထောက်ပံ့တဲ့ဝန်ဆောင်မှုတွေကို စစ်ကောင်စီ ကြီးမားစွာဖြတ်တောက်လိုက်တဲ့အတွက် တိုင်းရင်းသားဒေသက ကျေးရွာတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေဟာ ပိုမိုဆိုးရွားလာတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ဆေးဝါးပစ္စည်းတွေ သယ်ယူပို့ဆောင်တာကို ပြင်းထန်စွာကန့်သတ်ထားပြီး စစ်ဘက်ဆိုင်ရာစစ်ဆေးရေးဂိတ်တွေကိုလည်း တိုးမြှင့်ချထားခဲ့တဲ့အပြင် ဒေသခံရွာသားတွေသယ်ဆောင်လာတဲ့ ဆေးဝါးပစ္စည်းတွေကိုလည်း စစ်ကောင်စီက သိမ်းယူတာတွေရှိလို့ ရွာသားတွေက လျှို့ဝှက်စွာ သယ်ယူပို့ဆောင်ကြရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျန်းမာရေးဝန်ထမ်းတွေဟာ စစ်ကောင်စီရဲ့အဓိကပစ်မှတ်ဖြစ်လာတဲ့အတွက် ကျန်းမာရေးစောင့်ရှောက်မှုအနည်းငယ်သာရရှိထားတဲ့ ကျေးလက်ဒေသတွေမှာ လှုပ်ရှားမှုတွေလျော့နည်းလာပြီး စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေးဝန်ထမ်းမရှိပါက ကျန်းမာရေးစောင့်ရှောက်မှုမရရှိနိုင်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါသေးတယ်။

စစ်ဘေးရှောင်စခန်းတွေမှာ ကိုယ်ဝန်ဆောင်နဲ့ ကလေးမီးဖွားမှုအတွက် အကူအညီပေးနိုင်တဲ့ ကျန်းမာရေးလုပ်သားတွေမရှိသလို စစ်ဘေးရှောင်တွေအနေနဲ့ ဆေးဝါးပစ္စည်းတွေကို လက်လှမ်းမမှီနိုင်တဲ့အတွက် နောက်ဆက်တွဲရလဒ်အနေနဲ့ ရွာသားတွေတချို့ သေဆုံးရတာတွေရှိတယ်လို့ အစီရင်ခံစာမှာပါရှိပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေမှာ ကျေးရွာအတွင်နေထိုင်ခြင်းက လုံခြုံမှုမရှိပေမယ့် ထွက်ပြေးတိမ်းရှောင်နိုင်ခြင်းမရှိပဲ သူတို့အနေနဲ့ ပိုမိုဆိုးရွားတဲ့ ကျန်းမာရေးအခက်အခဲတွေကို ရင်ဆိုင်ရနိုင်ခြေရှိတယ်လို့လည်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်က ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်က စစ်ရှောင်ပြည်သူတွေရဲ့ နေအိမ်တွေကို ဖြုတ်ယူရောင်းစားနေတယ်လို့ ဒေသခံသတင်း ရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် (၈၁)နာရီကြာ ရေးဆွဲထားတဲ့ ပုံတူပန်းချီ ၂ ကားကို လေလံအစီအစဉ်ပြုလုပ်ပြီး ရရှိလာတဲ့ ငွေကို စစ်ဘေးဒုက္ခသည်တွေအတွက် ထောက်ပံ့ပေးသွားမယ်လို့ ပန်းချီဆရာမ နုယဉ်က အသိပေးထားပါတယ်။

သတင်း

​ဇွန် ၁၉၊ ၂၀၂၆ People’s Spring ​နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်နေတဲ့ ဓာတ်ဆီတွေကို စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ ​အဆိုပါ လှူဒါန်းမှုမှာ ပါဝင်ကူညီပေးခဲ့ကြတဲ့ အလှူရှင်တွေနဲ့ ဝိုင်းဝန်းကူညီပေးခဲ့ကြသူ အားလုံးကိုလည်း...