Connect with us

Hi, what are you looking for?

သတင်း

လက်နက်ခဲယမ်းများနှင့် ပြည်သူ့ဘက်ပူးပေါင်းလာသည့် ရဲနှင့် စစ်သားလေးဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဆုငွေပေးအပ်

M 22 တစ်လက်၊ ကျည်(၁၀၂)တောင့်၊ ကျည်ဘောက် (၂)ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ရဲဒုတပ်ကြပ်တစ်ဦးကို ကျပ် ၂၄၅၀၀၀၀ ကျပ် ပေးအပ်ခဲ့ပြီး ၊ MA-2 (၁)လက်၊ ကျည်(၁၃၇)တောင့်၊ ကျည်ဘောက် (၄)ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော တပ်သား တစ်ဦးကို ၂၁သိန်းပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင် ဝင်ရောက် လာသည့် စစ်သားနှင့် ရဲများကို ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇွန်လ ၈ရက်က လွတ်မြောက်နယ်မြေ တစ်နေရာ၌ ပြုလုပ်ခဲ့သည့် ဂုဏ်ပြုဆုငွေချီးမြှင့်ပွဲတွင်ရဲဒုတပ်ကြပ်၊ ရဲတပ်ကြပ်ကြီးနှင့် စစ်သား နှစ်ဦးတို့ကို ဆုငွေများချီးမြှင့်ခဲ့သည်ဟု ဆိုသည်။

လက်နက်ခဲယမ်းများနှင့် ပြည်သူ့ဘက်ပူးပေါင်းလာသည့် ရဲနှင့် စစ်သားလေးဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဆုငွေပေးအပ်
လက်နက်ခဲယမ်းများနှင့် ပြည်သူ့ဘက်ပူးပေါင်းလာသည့် ရဲနှင့် စစ်သားလေးဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဆုငွေပေးအပ်

M 22 တစ်လက်၊ ကျည်(၁၀၂)တောင့်၊ ကျည်ဘောက် (၂)ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ရဲဒုတပ်ကြပ်တစ်ဦးကို ကျပ် ၂၄၅၀၀၀၀ ကျပ် ပေးအပ်ခဲ့ပြီး ၊ MA-2 (၁)လက်၊ ကျည်(၁၃၇)တောင့်၊ ကျည်ဘောက် (၄)ခုဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော တပ်သား တစ်ဦးကို ၂၁သိန်းပေးအပ်ခဲ့သည်ဟု ဖော်ပြထားသည်။

လက်နက်ခဲယမ်းများနှင့် ပြည်သူ့ဘက်ပူးပေါင်းလာသည့် ရဲနှင့် စစ်သားလေးဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဆုငွေပေးအပ်
လက်နက်ခဲယမ်းများနှင့် ပြည်သူ့ဘက်ပူးပေါင်းလာသည့် ရဲနှင့် စစ်သားလေးဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဆုငွေပေးအပ်

ထို့ပြင် MA-1 (၁)လက်၊ ကျည်အိမ်(၃)ခု၊ ကျည်(၇၈) တောင့်၊ ကျည်ကာအင်္ကျီ(၁)ထည်၊ ယူနီဖောင်း(၁) စုံ ဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော တပ်သားတစ်ဦးကို ၁၈ သိန်းကျပ် ပေးအပ်ခဲ့ပြီး လက်ပစ်ဗုံး ၂ လုံး၊ M 22 ကျည် (၃)တောင့်၊ 9 mm ကျည် (၁)တောင့်၊ 7.62 ကျည် (၁၄)တောင့်ဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ရဲတပ်ကြပ်ကြီးတစ်ဦးကို ကျပ် ၅သိန်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်နက်ခဲယမ်းများနှင့် ပြည်သူ့ဘက်ပူးပေါင်းလာသည့် ရဲနှင့် စစ်သားလေးဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဆုငွေပေးအပ်
လက်နက်ခဲယမ်းများနှင့် ပြည်သူ့ဘက်ပူးပေါင်းလာသည့် ရဲနှင့် စစ်သားလေးဦးကို NUG ကာကွယ်ရေးဝန်ကြီးဌာန ဆုငွေပေးအပ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ရင်ခွင်ဝင်ရောက်လာသော ပြည်သူ့သားကောင်း တပ်သားနှင့်ရဲသားများကို ဥပဒေများဖြင့် အကာအကွယ်ပေးသွားမည်ဖြစ်ပြီး လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာခဲ့သော တပ်သားများကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ရန် ဆက်လက်စီစဉ်နေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။