Connect with us

Hi, what are you looking for?

သတင်း

ကသာမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဟု မြို့နယ်(ပကဖ)ထုတ်ပြန်

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် ကသာမြို့နယ်ကို ဦးတည်၍ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများကို ပေါ်တာဆွဲပြီး ၊ပြည်သူယာဉ်များ (ကား၊ဆိုင်ကယ်၊စက်လှေ)များ မတရားချောဆွဲခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။

ကသာခရိုင် PDF
ကသာခရိုင် PDF

▪️စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်၍ စစ်ရှောင်ပြည်သူ ​လေးဦးသေ၊ နှစ်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း ကသာမြို့နယ်၌ ယမန်နေ့က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၁ရက် နံနက်က ကသာမြို့နယ် လှေဘိုကျေးရွာနှင့် လောင်းတော်ဦးဘုရားကြား တံခွန်တိုင်အခင်းစု အနီးတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကသာခရိုင် PDF
ကသာခရိုင် PDF

စစ်ကောင်စီတပ်ကို ကသာခရိုင် PDF တပ်ရင်း(၃)၊ ကျောင်းသားတပ်မတော် ABSDF ၊ ကသာ(အင်းကြီး -ပကဖ)ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့က တောင်ကုန်းတစ်ခုပေါ်မှအသာစီးပစ်ခတ်ခဲ့၍ စစ်ကောင်စီဘက်က သေဆုံးထိခိုက်များခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲ၌ ကာကွယ်ရေးပူးပေါင်းတပ်မှ ထိခိုက်ကျဆုံးမရှိခဲ့သော်လည်း လှေဘိုရွာမှ စစ်ရှောင်ပြည်သူ ​ခြောက်ဦးမှာ ပုန်းနေရာမှ တိုက်ပွဲအားထွက်ကြည့်ရာ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ​လေးဦး ပွဲချင်းပြီးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းတွင် ကသာမြို့နယ်ကို ဦးတည်၍ အင်အားတိုးချဲ့ခြင်း၊ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ ပြည်သူများကို ပေါ်တာဆွဲပြီး ၊ပြည်သူယာဉ်များ (ကား၊ဆိုင်ကယ်၊စက်လှေ)များ မတရားချောဆွဲခြင်းများ ပြုလုပ်နေသည်ဟု ဆိုသည်။

ထို့ပြင် ပြည်သူ့နေအိမ်များရိုက်ဖျက်၊မီးရှို့ခြင်း၊ပြည်သူ့ရွှေ၊ ငွေများကို လုယက်ခြင်း ၊ပြည်သူများကို မတရားဖမ်းဆီး၍ လမ်းပြခိုင်းခြင်း၊ ဘုန်းကြီးကျောင်းများအား အကာအကွယ်ပြုလုပ်၍စစ်ကြောင်းများ အလွန်အကျွံထိုးလာခြင်းစသည်တို့ကို ကျူးလွန်နေ၍ ပြည်သူများ အနေဖြင့် တိုက်ပွဲများနှင့် ဝေးရာတွင်ရှောင်တိမ်းနေကြရန် ကသာ(ပကဖ)က ပန်ကြားထားသည်။

စစ်ကောင်စီတပ်သည် ကသာမြို့နယ်အတွင်း စစ်ကြောင်းသုံးကြောင်း၊ စုစုပေါင်းအင်အား ၅၀၀ ခန့်အသုံးပြု၍ စစ်ရေးလှုပ်ရှားနေသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်အင်အားသစ်တွေဝင်ရောက်လာပြီးနောက် အခုရက်ပိုင်းမှာ နေ့တိုင်းလိုလိုတိုက်ပွဲပြင်းထန်နေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

Facebook