Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိသားစုဝင်တွေ ဓားစာခံအဖြစ် ဖမ်းခံလိုက်ရတဲ့ရှေ့နေအမျိုးသမီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံ

ပုသိမ်ကြီးမြို့နယ် မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင် ရှေ့နေအမျိုးသမီးဟာ PDF တပ်ဖွဲ့တွေ ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်ကိုဝင်ရောက်စီးနင်းဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။

People's Spring
People's Spring

မန္တလေးမှာ မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့က ဓားစားခံအဖြစ် ဖမ်းဆီးသွားတာကြောင့် ရှေ့နေအမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်ပြီးကြောင်းကြံစည်ခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ် မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင် ရှေ့နေအမျိုးသမီးဟာ PDF တပ်ဖွဲ့တွေ ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်ကိုဝင်ရောက်စီးနင်းဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ရှေ့နေအမျိုးသမီးကို မတွေ့လို့ မောင်ဖြစ်သူနဲ့ညီမ နှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ ရှေ့နေအမျိုးသမီးကတော့တိမ်းရှောင်ခဲ့ရတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

ဒီလို မိသားစုဝင် သုံးဦးဖမ်းဆီးခံရပြီး လေးရက်ကြာတဲ့အထိအဆက်အသွယ်မရတာကြောင့် ဇွန်လ ၁၂ ရက်နေ့မှာ ရှေ့နေအမျိုးသမီးဟာပိုးသတ်ဆေးသောက်ပြီးအဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်ကတွေ့မြင်လိုက်သူတွေက အချိန်မီဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေဟာ ဆန့်ကျင်တဲ့သူတွေ ဖမ်းမမိရင် ဓားစာခံအဖြစ် ကလေးသူငယ်ကစပြီးသက်ကြီးရွယ်အိုအရွယ်အထိ ဖမ်းဆီးလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

၂၀၂၂ ခုနှစ်တုန်းက ကောက်ယူတဲ့ စစ်တမ်းတစ်ခုအရ ကင်ညာနိုင်ငံမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အနည်းနဲ့အများ ခံစားဖူးကြောင်း သိရှိရပါတယ်။

နိုင်ငံတကာ

နေတန်ညာဟုကတော့ ဂါဇာမှာ ဆင်နွှဲနေတဲ့ အစ္စရေး စစ်ဆင်ရေးတွေဟာ ဟားမားစ်တွေကို အပြီးသတ် ရှင်းလင်း သုတ်သင်နိုင်မှုနဲ့ ဓားစာခံအားလုံး လွတ်မြောက်မှုဆိုတဲ့ အဓိက ရည်မှန်းချက်ကြီးနှစ်ခု အထမြောက်မှသာ ပြီးဆုံးလိမ့်မယ်လို့ သတိပေးထားပါတယ်။

နိုင်ငံတကာ

ဟားမားစ်တွေကတော့ ခိုင်လုံမှု မရှိဘဲ အခုလို စွပ်စွဲတဲ့ ကိစ္စတွေအပေါ် ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်တယ်လို့ ပြောကြားထားပါတယ်။

နိုင်ငံတကာ

အပစ်အခတ် ယာယီရပ်စဲထားတဲ့ ကာလအတွင်း ဟားမားစ်တွေ လက်ထဲက ဓားစာခံတွေနဲ့ အစ္စရေး လက်ထဲက သုံ့ပန်းတွေ လဲလှယ်ဖို့ ညှိနှိုင်းထားခဲ့တာ ဖြစ်ပါတယ်။