Connect with us

Hi, what are you looking for?

သတင်း

မိသားစုဝင်တွေ ဓားစာခံအဖြစ် ဖမ်းခံလိုက်ရတဲ့ရှေ့နေအမျိုးသမီး ကိုယ့်ကိုယ်ကိုသေကြောင်းကြံ

ပုသိမ်ကြီးမြို့နယ် မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင် ရှေ့နေအမျိုးသမီးဟာ PDF တပ်ဖွဲ့တွေ ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်ကိုဝင်ရောက်စီးနင်းဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။

People's Spring
People's Spring

မန္တလေးမှာ မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့က ဓားစားခံအဖြစ် ဖမ်းဆီးသွားတာကြောင့် ရှေ့နေအမျိုးသမီးတစ်ဦး ပိုးသတ်ဆေးသောက်ပြီးကြောင်းကြံစည်ခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်ကြီးမြို့နယ် မှာနေထိုင်တဲ့ အသက် ၃၀ ဝန်းကျင် ရှေ့နေအမျိုးသမီးဟာ PDF တပ်ဖွဲ့တွေ ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်ဖွဲ့က နေအိမ်ကိုဝင်ရောက်စီးနင်းဖမ်းဆီးဖို့ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ ရှေ့နေအမျိုးသမီးကို မတွေ့လို့ မောင်ဖြစ်သူနဲ့ညီမ နှစ်ဦးကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။ ရှေ့နေအမျိုးသမီးကတော့တိမ်းရှောင်ခဲ့ရတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

ဒီလို မိသားစုဝင် သုံးဦးဖမ်းဆီးခံရပြီး လေးရက်ကြာတဲ့အထိအဆက်အသွယ်မရတာကြောင့် ဇွန်လ ၁၂ ရက်နေ့မှာ ရှေ့နေအမျိုးသမီးဟာပိုးသတ်ဆေးသောက်ပြီးအဆုံးစီရင်ဖို့ ကြိုးစားခဲ့ပေမယ့် ဘေးပတ်ဝန်းကျင်ကတွေ့မြင်လိုက်သူတွေက အချိန်မီဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမှာတော့ ဆေးရုံမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့တပ်တွေဟာ ဆန့်ကျင်တဲ့သူတွေ ဖမ်းမမိရင် ဓားစာခံအဖြစ် ကလေးသူငယ်ကစပြီးသက်ကြီးရွယ်အိုအရွယ်အထိ ဖမ်းဆီးလေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ

သတင်း

ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင် ၃၂ အနီးမှာ ဒီနေ့ မနက် ၉နာရီခန့်က TikTokရိုက်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရတယ်လို့ သတင်းရရှ်ိပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာဈေးဝယ်သွားရင်း ပျောက်ဆုံးခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ၁၀ရက်အကြာမှာ တွေ့ရှိခဲ့တာကြောင့် စစ်ဆေးမှုတွေပြုလုပ်ပြီး မီးသဂြိုလ်ခဲ့တယ်လို့ သမီးဖြစ်သူက အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။