Connect with us

Hi, what are you looking for?

သတင်း

တန့်ကြည့်​တောင်အ​နောက်ဘက်ရှိရွာသုံးရွာကို စစ်​ကောင်စီတပ်မီးရှို့ သဖြင့် အိမ်​ခြေ ၁၇၀​ကျော်ဆုံးရှုံး

စစ်တပ်သည် ဇွန်လ၁၀ရက်နံနက်ပိုင်းကပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ဒဲ့ပြား၊အရှေ့ကမ်းဖြူ၊တောင်ပါးလူ အစရှိသည့် ကျေးရွာ ရွာ၃ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခံရ​သော ပြည်သူများ၏​နေအိမ်များ။ ဓါတ်ပုံ-CJ)

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ရွာ ၃ ရွာအားစစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သဖြင့် ၃ ရွာပေါင်း အိမ်ခြေ ၁၇၀ ကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့သည်။

စစ်တပ်သည် ဇွန်လ၁၀ရက်နံနက်ပိုင်းကပခုက္ကူမြို့နယ်၊ တန့်ကြည့်တောင်အနောက်ဘက်ရှိ ဒဲ့ပြား၊အရှေ့ကမ်းဖြူ၊ တောင်ပါးလူ အစရှိသည့် ကျေးရွာ ရွာ၃ရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

ဒဲ့ပြားရွာ ၁၃အိမ်၊ အရှေ့ကမ်းဖြူ အိမ်၃၀ကျော်၊ တောင်ပါးလူ ၁၃၀ကျော် စုစုပေါင်း ၁၇၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်ဟုဒေသခံများက ပြောသည်။

Public Service Announcement

အဆိုပါကျေးရွာ၃ရွာအပြင် အနီးတစ်ဝိုက်ကျေးရွာများမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးလူဦးရေရာနှင့်ချီ အခက်အခဲကြုံတွေ့နေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခံရ​သော ပြည်သူများ၏​နေအိမ်များ။ ဓါတ်ပုံ-CJ)
(အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခံရ​သော ပြည်သူများ၏​နေအိမ်များ။ ဓါတ်ပုံ-CJ)

ဇွန်လ ၇ ရက်​နေ့က တန့်ကြည့်တောင်ဒေသသို့ဘုရားဖူးလာသည့် ကားတစ်စီးပစ်ခတ်ခံခဲ့ရပြီးအမျိုးသားကြီးတစ်ဦး သေဆုံးခဲ့သည်။ဒေသတွင်းရှိPDF များကအဆိုပါပစ်ခတ်မှုကိုပြုလုပ်ခြင်းမရှိဘဲ စစ်​ကောင်စီတပ်က ပြည်သူများနှင့်PDF အထင်အမြင်လွဲ​စေရန် ကျူးလွန်ခြင်းဖြစ်နိုင်​ကြောင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရမှုတွင် မကွေးတိုင်းသည် ဒုတိယအများဆုံးဖြစ်ပြီး အာဏာသိမ်းချိန်မှ မေလကုန်အထိ အိမ်ပေါင်း ၃၀၅၅ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။