Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက် CDFနှင့်စစ်ကောင်စီတပ် ၅ရက်ဆက် တိုက်ပွဲဖြစ်

ယင်းတိုက်ပွဲ၌ CDF ရဲဘော် တစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကိုမသိရဟုဖော်ပြထားသည်။

(CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDFကန်ပက်လက်)
(CDF ကန်ပက်လက်တပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-CDFကန်ပက်လက်)

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ကန်ပက်လက်ချင်းကာကွယ်ရေးတပ်(CDF)ကသတင်းထုတ်ပြန်သည်။

ကန်ပက်လက် CDFနှင့် စစ်ကောင်စီတပ်တို့သည်ဇွန်လ၉ရက်မှစ၍တိုက်ပွဲများ နေ့စဉ်ဖြစ်ခဲ့ရာယနေ့မနက်တွင်လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ ဇွန် ၁၂ရက်က တိုက်ပွဲဖြစ်ခဲ့သည့် ကန်ပက်လက်မြို့နယ် အံပုံကျေးရွာရှိ စစ်ကောင်စီတပ်သည် ကျေးရွာရှိ ပြည်သူလူထု အနေအိမ်များကို ဖောက်ထွန်းပြီး ပစ္စည်းများ ခိုးယူခဲ့ပြီး လာရာလမ်းအတိုင်း ပြန်လာရာ CDF ရဲဘော်များနှင့် ထိပ်တိုက်တိုး၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုဆိုသည်။

ယင်းတိုက်ပွဲ၌ CDF ရဲဘော် တစ်ဦး ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှု အခြေအနေကိုမသိရဟုဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများသည်မကွေးတိုင်းဒေသရှိ အောက်လက်မွန်ကျေးရွာနှင့်ကျောက်စစ်ကျေးရွာများဖက်သို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်သည်။

ကန်ပက်လက် CDFနှင့် စစ်ကောင်စီတပ်သည် ဇွန်လ ၉က်တွင် တိုက်ပွဲစတင်ခဲ့ပြီး ဇွန်လ ၁၀ရက်တွင် ကန်ပက်လက် CDF တပ်ရင်း(၂)၏ တပ်စခန်း နေရာကို စစ်ကောင်စီတပ်က သာလွန်အင်အားဖြင့် ဝင်ရောက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ကန်ပက်လက် CDF တပ်များက အဆိုပါ တပ်စခန်းနေရာသို့ သွားရောက်တိုက်ခိုက်ခြင်း၊ ကန်ပက်လက်မြို့ပေါ်သို့ ပြောက်ကျားစစ် ဆင်နွှဲခြင်း လုပ်ဆောင်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။