Connect with us

Hi, what are you looking for?

သတင်း

ထန်းတပင်မြို့နယ်တွင် KNLA/PDF ပူးပေါင်းတပ် တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ ၂ဦးသေ ၁ဦးဒဏ်ရာရ

ဇွန်လ ၁၄ရက် ညနေ ၄နာရီ ခန့်က KNLA ၊ ထန်းတပင် PDF တို့ပါဝင်သည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်း နှင့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

(နိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDFများ၏ ခုခံတွန်းလှန်စစ်အရှိန်မြှင့်လာသဖြင့်စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရမှုပိုများလာသည်။)
(နိုင်ငံတစ်ဝန်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် PDFများ၏ ခုခံတွန်းလှန်စစ်အရှိန်မြှင့်လာသဖြင့်စစ်​ကောင်စီတပ် ​သေဆုံးဒဏ်ရာရမှုပိုများလာသည်။)

●စစ်ကောင်စီတပ် ထပ်မံစစ်ကြောင်းထိုးလာ၍ တိုက်ခိုက်ရန် အသင့်စောင့်နေဟုဆို

●ဇွန် ၁၂ရက်တွင်ခလရ၇၃အားတိုက်ခိုက်ရာစစ်သား၃ ဦး​သေ ၃ဦးဒဏ်ရာရ

ပဲခူးတိုင်းထန်းတပင်မြို့နယ်တွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းပြီး စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးသေ၊ ၁ဦး ဒဏ်ရာရခဲ့ကြောင်း အမှတ် -၃၅၀၂ တပ်ရင်း စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

ဇွန်လ ၁၄ရက် ညနေ ၄နာရီ ခန့်က KNLA ၊ ထန်းတပင် PDF တို့ပါဝင်သည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်း နှင့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။

“မနေ့က ဖြစ်တာ ။သူတို့ဘက်က သုံးယောက်ထိတယ်။ နှစ်ယောက်က နေရာတင်သေ၊ တစ်ယောက်က ဆေးရုံတင်။ ဒီဘက်က အကျအဆုံးမရှိဘူး” ဟု တပ်ရင်း ၃၀၅၂စစ်ကြောင်းမှ ရဲဘော်က ပြောသည်။

ယနေ့တွင်လည်း ထန်းတပင်မြို့နယ် အင်းကျော်မှ စစ်​ကောင်စီအင်အား ၆၀ ​ကျော်၊ ရှားသီးဖို အင်အား ၆၀ နှင့်ဘုမထီးမှ အင်အား ၆၀ စီဖြင့်စစ်ကောင်စီတပ်များက ထပ်မံစစ်ကြောင်းထိုးလာ၍ တိုက်ခိုက်ရန် အသင့်အနေအထားစောင့်ဆိုင်းနေသည်ဟု တပ်ရင်း ၃၀၅၂ စစ်​ကြောင်းမှသိ့ရသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်စစ်​ကောင်စီတပ်၏ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအ​ခြေစိုက် ခလရ ၇၃ ၏​ဘောလုံးကွင်းမှ ၁၂၀ မမ ​လေးလက်ဖြင့်ချိန်ထား​ကြောင်းလည်းသိရသည်။

ဇွန်လ ၁၂ရက် ညပိုင်းကလည်း ထန်းတပင်မြို့နယ် ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီ၏ ခလရ(၇၃) တပ်ကို KNLA/PDF ပူးပေါင်းထားသည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်းက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့သည်။​သေဆုံးခဲ့သည့်အထဲတွင် စစ်​​​ကောင်စီတပ်မှ ရဲ​မေ တစ်ဦးပါဝင်​ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook