●စစ်ကောင်စီတပ် ထပ်မံစစ်ကြောင်းထိုးလာ၍ တိုက်ခိုက်ရန် အသင့်စောင့်နေဟုဆို
●ဇွန် ၁၂ရက်တွင်ခလရ၇၃အားတိုက်ခိုက်ရာစစ်သား၃ ဦးသေ ၃ဦးဒဏ်ရာရ
ပဲခူးတိုင်းထန်းတပင်မြို့နယ်တွင်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းပြီး စစ်ကောင်စီတပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂ဦးသေ၊ ၁ဦး ဒဏ်ရာရခဲ့ကြောင်း အမှတ် -၃၅၀၂ တပ်ရင်း စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။
ဇွန်လ ၁၄ရက် ညနေ ၄နာရီ ခန့်က KNLA ၊ ထန်းတပင် PDF တို့ပါဝင်သည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်း နှင့် အင်အား ၅၀ကျော်ပါ စစ်ကောင်စီတပ်တို့ နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။
“မနေ့က ဖြစ်တာ ။သူတို့ဘက်က သုံးယောက်ထိတယ်။ နှစ်ယောက်က နေရာတင်သေ၊ တစ်ယောက်က ဆေးရုံတင်။ ဒီဘက်က အကျအဆုံးမရှိဘူး” ဟု တပ်ရင်း ၃၀၅၂စစ်ကြောင်းမှ ရဲဘော်က ပြောသည်။
ယနေ့တွင်လည်း ထန်းတပင်မြို့နယ် အင်းကျော်မှ စစ်ကောင်စီအင်အား ၆၀ ကျော်၊ ရှားသီးဖို အင်အား ၆၀ နှင့်ဘုမထီးမှ အင်အား ၆၀ စီဖြင့်စစ်ကောင်စီတပ်များက ထပ်မံစစ်ကြောင်းထိုးလာ၍ တိုက်ခိုက်ရန် အသင့်အနေအထားစောင့်ဆိုင်းနေသည်ဟု တပ်ရင်း ၃၀၅၂ စစ်ကြောင်းမှသိ့ရသည်။

Public Service Announcement
ထိုအပြင်စစ်ကောင်စီတပ်၏ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးအခြေစိုက် ခလရ ၇၃ ၏ဘောလုံးကွင်းမှ ၁၂၀ မမ လေးလက်ဖြင့်ချိန်ထားကြောင်းလည်းသိရသည်။
ဇွန်လ ၁၂ရက် ညပိုင်းကလည်း ထန်းတပင်မြို့နယ် ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီ၏ ခလရ(၇၃) တပ်ကို KNLA/PDF ပူးပေါင်းထားသည့် တပ်ရင်း ၃၅၀၂ စစ်ကြောင်းက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦးသေဆုံးပြီး ၃ဦးဒဏ်ရာရရှိခဲ့သည်။သေဆုံးခဲ့သည့်အထဲတွင် စစ်ကောင်စီတပ်မှ ရဲမေ တစ်ဦးပါဝင်ကြောင်း သိရသည်။


















































