Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ သေဒဏ်အတည်ပြုမှုအပေါ် GSCB က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

ပြည်သူများအနေဖြင့်လည်း စစ်အုပ်စု၏ တရားမဲ့ ပြုကျင့်မှုများကို တုန့်ပြန်သည့်အနေဖြင့် စစ်အုပ်စု၊ ၎င်းတို့၏အဆက်အနွယ်နှင့် အစေအပါးများကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်းနှင့် နိုင်ငံရေးအရ ပြစ်ဒဏ်ခတ်ခြင်းတို့ဖြင့် ဒဏ်ခတ် တုန့်ပြန်ပါရန် တိုက်တွန်းခဲ့သည်။

စစ်အုပ်စု၏သေဒဏ်အတည်ပြုမှု
စစ်အုပ်စု၏သေဒဏ်အတည်ပြုမှု

●PDF ၊ ERO နှင့် တော်လှန်ရေး အင်အားစုများအား စစ်အုပ်စုကို စစ်​ရေးအရထိရောက်စွာ အရေးယူရန်တောင်းဆို

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုသည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော် တို့၏ သေဒဏ်စီရင်ချက်ကိုအတည်ပြုမှုအပေါ် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ယနေ့ (ဇွန်လ ၁၅) ညပိုင်း၌ ထုတ်ပြန်သည်။

သေဒဏ်စီရင်ချက်ကို အတည်ပြု​ကြောင်း ဇွန် ၃ ရက်တွင်စစ်​ကောင်စီ၏ဝါဒဖြန့်မီဒီယာများမှသိရသည်ဟု​လည်းဖော်ပြထာသည်။ အာဏာသိမ်း စစ်ကောင်စီက​သေဒဏ်အတည်ပြုမှုသည်တရားမဲ့လုပ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဥပဒေ၊ နိုင်ငံ တရားစီရင်ရေးစနစ်၊ နိုင်ငံတကာ လိုက်နာရမည့်ကျင့်ဝတ်နှင့်ဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှု တစ်ခုဖြစ်သည့်အတွက်ဥပဒေအရတရားမဝင်ကြောင်း GSCB ကဖော်ပြထားသည်။

စစ်အုပ်စု၏သေဒဏ်အတည်ပြုမှု
စစ်အုပ်စု၏သေဒဏ်အတည်ပြုမှု

တိုင်းပြည် ဂုဏ်သရေမဲ့စေသည့် သေဒဏ်အတည်ပြုမှုသည် စစ်အုပ်စု၏ ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများအပေါ် ထားသော အမုန်းတရား၊ အာဃာတများကို ဖော်ပြနေသကဲ့သို့ တိုင်းပြည်ကို အဆုံးစွန်ထိ ရက်စက်စွာ ချုပ်ကိုင်သွားမည့် အာဏာရှင်သရုပ်မှန်ကိုလည်း ဖော်ပြနေသည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း GSCB က ဆိုသည်။

ထို့အပြင် PDFများ၊ EROများနှင့် လက်နက်ကိုင် တော်လှန်ရေး အင်အားစုများအနေဖြင့် စစ်အုပ်စု၏ ယခု ကျုးလွန်မှု အပေါ် စစ်အုပ်စုနှင့် ၄င်းတို့၏ အဆက်အနွယ်၊ အစေအပါးများကို စစ်ရေးအရ ထိရောက်စွာ ဒဏ်ခတ်အရေးယူခြင်း ပြုလုပ်ပါရန်လည်း GSCB က တောင်းဆိုခဲ့သည်။

Public Service Announcement

Public Service Announcement

ပြည်သူများအနေဖြင့်လည်း စစ်အုပ်စု၏ တရားမဲ့ ပြုကျင့်မှုများကို တုန့်ပြန်သည့်အနေဖြင့် စစ်အုပ်စု၊ ၎င်းတို့၏အဆက်အနွယ်နှင့် အစေအပါးများကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်ခြင်း၊ လူမှုရေးအရ ပြစ်ဒဏ်ခတ်ခြင်းနှင့် နိုင်ငံရေးအရ ပြစ်ဒဏ်ခတ်ခြင်းတို့ဖြင့် ဒဏ်ခတ် တုန့်ပြန်ပါရန် တိုက်တွန်းခဲ့သည်။

နိုင်ငံအနှံ့ စစ်ရာဇဝတ်မှူများ ကျူးလွန်နေခြင်း အပါအဝင် ယခု သေဒဏ်အတည်ပြုမှု ကဲ့သို့သော လုပ်ရပ်များကို စစ်အုပ်စုအနေဖြင့် ရပ်တန့်ခြင်း မရှိဘဲ ဆက်လက်ကျူးလွန်နေပါက စစ်အုပ်စု၊ ၎င်းတို့၏ အဆက်အနွယ်နှင့် အစေအပါးများအပေါ် ကျရောက်လာမည့် သက်ရောက်မှုတိုင်းသည် စစ်အုပ်စု၏ တာဝန်သာ ဖြစ်ကြောင်း ယခု ထုတ်ပြန်ချက်နှင့်အတူ တပါတည်း သိစေအပ်ကြောင်း ဖော်ပြထားသည်။

ထိုအပြင် ယ​နေ့ညတွင်ထွက်​ပေါ်​နေ​သော​ကောလဟလနှင့်ပတ်သပ်၍လည်းပြည်သူများကို ကြိုးမိန့်ပေးလျှင် မုချလက်တုန့်ပြန်မည် ဖြစ်ကြောင်း တော်လှန်ရေး အင်အားစုများကလည်း ယနေ့ ညပိုင်း၌ ထုတ်ပြန်ခဲ့သည်။ ကိုဂျင်မီနှင့်ကိုဖြိုး​ဇေယျာ​သော်အပါအဝင်အထက်ပါပုဂ္ဂိုဘ်​လေးဦးကို အကြမ်းဖက်စစ်​ကောင်စီက ယ​နေ့မနက်တွင်ကြိုး​ပေးမည်ဟု​ကောလဟလများထွက်​ပေါ်​နေသည်။ Red News Agency ကအဆိုပါသတင်းစတင်​ဖော်ပြခဲ့ခြင်းဖြစ်သည်။သတင်းဌာနကြီးများအားလုံးအဆိုပါသတင်းကို အတည်ပြု​ဖော်ပြနိုင်ခြင်းမရှိသလို၊ People’s Spring သတင်းဌာနလည်းအတည်မပြုနိုင်ပါ။

“တက်လာတဲ့ သတင်းတွေ ဘယ်လောက်သေချာလဲ ကျွန်တော်မသိပါ။ သွေးတိုးစမ်းတာဖြစ်စေ၊ တကယ်လုပ်လာရင်ဖြစ်စေ။ သွေးတိုးစမ်းတာဆိုလည်း ကျွန်တော်တို့ရဲ့ သွေး ဘယ်လောက်ရှိကြောင်းပြဖို့လိုတယ်။ တကယ်လုပ်လာရင်လည်း အဲ့အတွက် ကျိန်းသေပေါက် စစ်အုပ်စုက ပြန်ပေးဆပ်ရလိမ့်မယ်။ ဘယ်လိုအခြေအနေ၊ ဘယ်အခင်းအကျင်းဖြစ်လာလာ ဒီကိစ္စတွေအားလုံးအတွက် စစ်အုပ်စုနဲ့ စစ်ခေါင်းဆောင်တွေ ကျိန်းသေပေါက် ပြန်ပေးဆပ်ရမယ်။ လူထုရဲ့ လက်တုန့်ပြန်မှုကို မုချ ခံရမယ် ” ဟု တော်လှန်ရေးအင်အားစုများက လူမှုကွန်ယက်၌ ရေးသားဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သိုးခြံဘူတာအနီးက လုပ်ငန်းနဲ့ ဆိုင်ခန်း ၃၀ကို ဖယ်ရှားပေးဖို့ အာဏာသိမ်းစစ်တပ်ရဲ့လက်အောက်က မြန်မာ့မီးရထားက စာပို့ထားကြောင်း နီးစပ်သူတွေက ပြောပါတယ်။

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး